၁၃ ဖေဖော်ဝါရီ ၂၀၂၄

ကာတာအခြေစိုက် အယ်ဂျားဇီးယားသတင်းဌာနကို ဂါဇာကနေ ပုံမှန်သတင်းပေးပို့နေတဲ့ အထင်ကရ သတင်းထောက်ဟာ    ဟားမာ့စ်ရဲ့ တပ်မှူးတစ်ဦးဖြစ်နေတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့  ပြောရေးဆိုခွင့်ရသူ  အေဗီချေး အန်ဒရီက အဆိုပါ သတင်းထောက် မူဟာမက် ဝါရှားပိုင်ဆိုင်တဲ့ လက်ပ်တော့ကွန်ပျူတာကို  ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က ပြန်လည်ဖော်ထုတ်ထားတယ်လို့ပြောပါတယ်။

အန်ဒရီရဲ့အဆိုအရ အဲဒီလက်ပ်တော့ထဲမှ ဝါရှားအနေနှင့် အကီဲးတန်းစစ်ဆင်ရေးမှူးတစ်ဦးအဖြစ် ပါဝင်ပတ်သက်နေတာကို သက်သေပြနေတယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။

အဲဒီလက်ပ်တော့ထဲမှာ အသက် ၃၂နှစ်အရွယ် သတင်းထောက်ဝါရှားဟာ လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားတဲ့ပုံတွေ တွေ့ရှိရပါတယ်။ အဲဒီလက်နက်တွေထဲမှာအောက်တိုဘာ ၇ ရက်စစ်ဆင်ရေးအတွင်း ဟားမာ့စ်တွေသုံးခဲ့တဲ့ ဒုံးတပ် လက်ပစ်ဗုံးတွေ ၊လက်နက်တပ်ဆင်ထားတဲ့ဒရုန်းတွေနှင့် အလားတူလက်နက်တွေပါဝင်ပါတယ်။နောက်ပုံတွေမှာတော့ သူဟာပါလက်စတိုင်းအုပ်စုအတွက် လေကြောင်းလက်နက်တွေတပ်ဆင်ပေးတာမှာ ပါဝင်ဆောင်ရွက်နေတာတွေ ပါဝင်နေ ပါတယ်။

 

 

“ အယ်ဂျာဇီးယား သတင်းထောက် မူဟာမက်ဝါးရှားပိုင်ဆိုင်တဲ့ လက်ပ်တော့တစ်ခုကို ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာ အစ္စရေးစစ်တပ်က တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။ သူဟာ တင့်ကားဖျက်အခင်းအကျင်းတွေမှာ ဟားမာ့စ်ရဲ့ စစ်ဆင်ရေး   အကြီး  တန်းရာထူးအဆင့်ရှိခဲ့တယ်ဆိုတာ သက်သေပြနေတဲ့ ပုံတွေ လက်ပ်တော့ထဲရှိနေပါတယ်။ ၂၀၀၂ခုနှစ်နှောင်းပိုင်းမှာ သူဟာ အဖွဲ့ရဲ့ ကောင်းကင်လက်နက် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကို ပြောင်းရွှေ့အလုပ်လုပ်ခဲ့တယ်” လို့ အန်ဒရီက ပြောပါတယ်။

အစ္စရေးစစ်တပ်က သိမ်းဆည်းရမိတဲ့ အဲဒီလက်ပ်တော့ထဲမှာ ဝါရှားနှင့် ဟားမာ့စ်လှုပ်ရှားမှုတွေဆက်စပ်နေတာကို တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့တယ်လို့ အန်ဒရီကပြောပါတယ်။

“ ဟေး အယ်ဂျာဇီးယား။ ကျုပ်တို့က ခင်ဗျားတို့ရဲ့ သတင်းထောက်တွေဟာ ရှေ့တန်းမှာ ဟားမာ့စ် အကြမ်းထက်တွေအနေနှင့် မပါဝင်ဘဲ  အခြေအနေတွေကို ဘက်လိုက်မှုမရှိ သတင်းပေးပို့နေတယ်လို့ ထင်ထားခဲ့တာ” လို့ အန်ဒရီးက ဆိုရှယ်မီဒီယာကနေ အယ်ဂျာဇီးယားကို တိုက်ရိုက်ဝေဖန်ထားပါတယ်။

ဂါဇာဒေသခံ ဝါရှားဟာ ပြီးခဲ့တဲ့လများအတွင်း အယ်ဂျာဇီးယားရုပ်မြင်သံကြားမှာ သတင်းထောက်တစ်ဦးအဖြစ်  သတင်းများ စွာထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၂၃ နိုဝင်ဘာလမှာ သူဟာ “ အယ်ဂျာဇီးယား၏ မိုဟာမက်ဝါရှား- နူဆီရက်ဒုက္ခသည်စခန်း အစ္စရေး စစ်ဆင်ရေးမြင်ကွင်းများမှ သတင်းပေးပို့သည်” လို့ အထူးပြုပြီး သတင်းဆောင်းပါးတစ်ခု ရေးသားခဲ့ပါတယ်။

ယခုထက်ထိတော့ အယ်ဂျာဇီးယားရော၊ ကာတာအစိုးရကပါ အစ္စရေးရဲ့ အပြင်းအထန်စွပ်စွဲထားတာတွေကို ပြန်လည် မတုန့်ပြန်သေးပါဘူး။

 Source: NDTV