၅ ဖေဖော်ဝါရီ ၂၀၂၃

ထိုင်းဝန်ကြီးချုပ်လောင်းလျာလို့ နာမည်ကြီးခဲ့တဲ့ ပီတလင်ဂျာရွန်ရတ်ကို ၂၀၁၉ခုနှစ်က တရားဥပဒေမဲ့ လူထုစီတန်းမှုတွေ လုပ်ခဲ့လို့ ထိုင်းတရားရုံးတစ်ခုက ဖေဖော်ဝါရီ (၅)ရက် တနင်္လာနေ့မှာ ထောင်ဒဏ်(၄)လချခဲ့ပြီး အဆိုပါထောင်ဒဏ်ကို ချက်ခြင်းမကျခံစေရဘဲ (၂)နှစ် ဆိုင်းငံ့ပေးလိုက်ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးက သူ့ရဲ့ အတိုက်အခံ ရှေ့သို့ချီပါတီ Move Forward Party(MFP) ကို  ဘုရင်စနစ်နှင့် အမျိုးသားလုံခြုံရေးကို အနှောက်အယှက်ပေးခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ဥပဒေရေးရာ အခက်အခဲတွေနှင့် ထပ်မံ ရင်ဆိုင်လာရတာဖြစ်ပါတယ်။ MFP ဟာ ဘုရင်စနစ်ကို အကာအကွယ်ပေးတဲ့ ဥပဒေကို ပြင်ဆင်ဖို့ လူအုပ်နှင့်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်မှာရှိတဲ့ ပက်သမ်ဝန် ခရိုင်တရားရုံးက သူ့ MFP ပါတီရဲ့ ဦးဆောင်ခေါင်းဆောင် (၆)ဦး၊ ယခင်တာဝန်ယူသူနှင့် လှုပ်ရှားတက်ကြွသူ (၂)ဦးတို့ကို လေးလထောင်ဒဏ်နှင့်  ၁၁၂၀၀ ဘတ်ငွေ ဒဏ်ငွေရိုက်ခဲ့ပါတယ်။ ထောင်ဒဏ်တွေကိုတော့ (၂)နှစ်ဆိုင်းငံ့ထားလိုက်တာပါ။ အားလုံးကတော့ အယူခံဝင်ဖို့စီစဉ်နေတယ်လို့ သူတို့ရဲ့ရှေ့နေ ပီယာဘတ်က ပြောပါတယ်။

တကယ်လို့များ သူ့ရဲ့အယူခံ ရှုံးသွားပြီး တရားရုံးတွေက စီရင်ချက်အပေါ် အတည်ပြုခဲ့တယ်ဆိုရင် ပီတဟာ ပါလီမန်အမတ် အဖြစ်ကနေ ပျက်ယွင်းပြီး ပါလီမန်က ထွက်ခွာရမှာဖြစ်ပါတယ်။  ထိုင်းဥပဒေအရ ပြင်းထန်တဲ့ ပြစ်မှုကျခံရသူတွေကို ပါလီမန်မှာ ထိုင်ခွင့်မပေးပါဘူး။

အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်အပြီးမှာ ရှေ့နေတွေနှင့် သူ့အတိုက်အခံတွေက ဥပဒေပိုင်းဆိုင်ရာ စွဲချက်တွေထပ်တင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒါကြောင့် သူ့ရဲ့ MFP ပါတီဟာ ဖျက်သိမ်းခံရပြီး ပါတီအရာရှိကြီးတွေကိုလည်း နိုင်ငံရေးလုပ်တာကို တားမြစ်ခံရနိုင်ချေတွေနှင့် ရင်ဆိုင်နေရပါတယ်။

MFP ပါတီဟာ မနှစ်ကရွေးကောက်ပွဲမှာ မမျှော်လင့်ဘဲ အနိုင်ရရှိခဲ့ပြီး ပါလီမန်မှာ အမတ်အများဆုံးရခဲ့ပါတယ်။  ဒါပေမယ့် ပါတီရဲ့ လစ်ဘရယ်သိပ်ကျမှုနှင့် လူငယ်မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်မှုတွေက ပိုနေမြဲကျားနေမြဲ နေလိုတဲ့ ထိုင်းနိုင်ငံရေး အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဝေဖန်ရေးသားပါတယ်။

Ref: Reuters

@ymg/knl