Published 15 January 2024

ဖန်ပြွန်သန္ဓေနည်းလမ်းဖြင့် ဖန်တီးလိုက်တဲ့ သန္ဓေသားတွေရဲ့ အရည်အသွေးကို ခန့်မှန်းနိုင်မယ့် နည်းလမ်းတစ်မျိုးကို သုတေသီများ ထုတ်လုပ်နိုင်ပြီလို့ ဆိုလိုက်ကာ ကိုယ်ဝန်ရရန် ပိုမိုလွယ်ကူစေမယ်လို့ မျှော်လင့်နေကြပါတယ်။

ကယ်လီဖိုးနီးယား ဆန်ဒီယေဂိုတက္ကသိုလ် ကြိုးပမ်းတဲ့နည်းလမ်းက သန္ဓေသားများ ကြီးထွားတဲ့ အရည်ထဲက exRNA တွေဆိုတဲ့ မျိုးဗီဇအမှုန်လေးတွေကို ရှာဖွေတာပါပဲ။

အမေရိကန်မှာ အခြားသန္ဓေနည်းလမ်းများ အသုံးမဝင်တဲ့အခါ ဖန်ပြွန်သန္ဓေကို မျက်စိကျလာကြပါတယ်။

ပြုလုပ်ပုံကတော့ အမျိုးသမီးဆီမှ မျိုးဥများရယူကာ ဓာတ်ခွဲခန်းထဲမှာ သုတ်ပိုးဖြင့် သန္ဓေပြုစေတာ ဖြစ်ပါတယ်။

ရလာတဲ့သန္ဓေသားကို သားအိမ်ထဲသို့ ထည့်သွင်းကာ မွေးဖွားစေတာ ဖြစ်ပါတယ်။

အမေရိကန်မှာ ဖန်ပြွန်သန္ဓေကနေ အရှင်မွေးဖွားတဲ့နှုန်းက အသက် ၄၀ အောက် အမျိုးသမီးတွေမှာ ၂၀ ကနေ ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

အရည်အသွေးမြင့် သန္ဓေသားတွေက သန္ဓေတွယ်နိုင်ခြေ မြင့်မားပေမယ့် တိုင်းတာဖို့ ခက်ခဲပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်အရည်တွေထဲမှာ တွေ့ရတဲ့ exRNA မော်လီကျူးများကို UCSD သုတေသီများက ပြောင်းလဲလေ့လာကြတာ ဖြစ်ပါတယ်။

ဒီနည်းလမ်းက ဆဲလ်ပြင်ပမှ နမူနာကို ခွဲခြားစိတ်ဖြာနိုင်ပြီး အထဲမှာဖြစ်ပျက်တာတွေကို သိရှိစေတာ ဖြစ်ပါတယ်။

exRNA ထုတ်လုပ်တဲ့အပေါ် မူတည်ပြီး သန္ဓေသားရဲ့ ဖွဲ့စည်းပုံကို ခန့်မှန်းနိုင်မယ့် မှတ်သားယန္တရားစနစ်ကို သုတေသီများ ဖန်တီးခဲ့ကြပါတယ်။

ဖန်ပြွန်သန္ဓေရလဒ်ကောင်းရရှိရန် ဖွဲ့စည်းပုံအချက်အလက်များ ရှိထားပေမယ့် အဓိကစမ်းသပ်ချက် အဆင်သင့်မဖြစ်ခင် နောက်ဆုံးကောက်နုတ်ချက်ချရန် လိုအပ်ပါသေးတယ်။

စမ်းသပ်ချက်ပြီးဆုံးတဲ့အခါ ဖန်ပြွန်သန္ဓေသားနည်းလမ်း တစ်ခုလုံးကို ပိုမိုရိုးရှင်းလွယ်ကူစေမှာ ဖြစ်တယ်လို့ ပြောပြသွားပါတယ်။
Source: New York Post.
#World_Health
#Published 15 January 2024
#YMG #Yangon_Times #Yangon_Media_Group