၆ ဇန်နဝါရီ ၂၀၂၄

အလာစကာလေကြောင်းလိုင်းလေယာဉ်တစ်စီးဟာ ကောင်းကင်ယံမှာပျံသန်းနေစဉ် လေယာဉ်ရဲ့အစိတ်အပိုင်းတစ်ခု  ဖြစ်တဲ့ ပြတင်းမှန်ပြုတ်ထွက်သွားတဲ့အတွက် ခရီးသည်တွေရဲ့ပစ္စည်းတွေ လေထဲကိုစုပ်ယူခံလိုက်ရပြီး လေယာဉ်လည်း ပေါ့တ်လန်းမှာ အရေး ပေါ်ဆင်းသက်ခဲ့ရပါတယ်။ 

သောကြာနေ့(ဇန်နဝါရီ၅ရက်) ကာလီဖိုနီးယားပြည်နယ် အွန်တာရီယိုကိုပျံသန်းတဲ့အဆိုပါ လေယာဉ်ဟာ ပို့တ်လ်လန်းမှာ ထွက်ခွာပျံတက်ပြီး ၃၅မိနစ်အကြာမှာ အဆိုပါကြောက်ဖက်ဘွယ်ရာ မတော်တဆမှုနှင့်ကြုံရတဲ့အတွက် လေဆိပ်ကိုပြန်လှည့် ခဲ့ရတာဖြစ်ပါတယ်။

ခရီးသည် ၁၇၁ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါစီးနင်းလာတဲ့ အဆိုပါလေယာဉ်ဟာ မတော်တဆမှုနှင့်ကြုံခဲ့ရတာလို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပေမယ့် အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

ခရီးသည်တွေရဲ့ ဆဲလ်ဖုန်းတွေနှင့်ကိုယ်ပိုင်ပစ္ဏည်းတွေဟာ ပေါက်ပြဲသွားတဲ့ လေယာဉ်ကိုယ်ထည်အပေါက်ကြီးထဲကနေ အပြင်ကိုစုပ်ယူသွားခြင်းခံခဲ့ကြရပါတယ်။အဲဒီအပေါက်ကြီးအနားထိုင်နေတဲ့ကလေးငယ်တစ်ဦးရဲ့ အင်္ကျီလေထဲပါသွားပြီး သူ့ အရေပြားတွေနှင့် တိုက်ခတ်တဲ့လေကြောင့် နီမြန်းသွားကုန်ပါတယ်။

လေယာဉ်အရေးပေါ်ဆင်းသက်ပြီးနောက် မီးသတ်ဌာနဟာ ဒဏ်ရာအနည်းအကျဉ်းရရှိခဲ့သူတွေကို ပြုစုစောင့်ရှောက် ပေးခဲ့ပါတယ်။

အဆိုပါလေယာဉ်ဟာ မကြာသေးမီကတည်ဆောက်ခဲ့တဲ့ ဘိုအင်း ၇၃၇ -၉ မက်စ်737-9 Max အမျိုးအစားဖြစ်ပြီး အန္တရာယ် ကင်းကြောင်းလကမှတ်လည်း ၂၀၂၃ အောက်တိုဘာ ၂၅ရက်ကရရှိခဲ့ပြီးဖြစ်ပါတယ်။ ယခုဖြစ်ရပ်ကြောင့် အလာစကာ လေကြောင်းဟာ ယင်းရဲ့ 737-9 Max လေယာဉ်အားလုံးကို ပျံသန်းခွင့်ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး သိရတာနှင့်ချက်ခြင်းသတင်းထုတ်ပြန်ပေးမယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။

Source NYP

#USNews