၃၀ နိုဝင်ဘာ ၂၀၂၃

နှစ်ဆယ်ရာစုရဲ့ အငြင်းပွားဖွယ်ရာအကောင်းဆုံးအမေရိကန်တွေထဲကတစ်ဦးဖြစ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ ဟာ  ယနေ့ နိုဝင်ဘာ ၃၀ရက်နေ့မှာ ကွန်နက်တီကပ်မှာ ကွယ်လွန်သွားပါတယ်။  ကစ်ဆင်ဂျာကွယ်လွန်ကြောင်းကို Kissinger Associates က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

သူ့ရဲ့ အမွေအနှစ်တွေအဖြစ် ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ရဲ့ရက်စက်မှုတွေကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတာနှင့် ပြည်သူချင်းဆက်ဆံထိတွေ့မှုတွေမှ တစ်ဆင့် ဝါရှင်တန်နှင့်ဘေဂျင်းဆက်ဆံရေးကို တည်ထောင်နိုင်တဲ့အရည်အချင်းတွေအကြား ရောယှက်ကျန်ရစ်ခဲ့ပါတယ်။

ကစ်ဆင်ဂျာဟာ ကွန်နက်တီကပ်က သူ့နေအိမ်မှာကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူဟာ ၁၉၇၃ခုနှစ်က ဗီယက်နမ်စစ်ပွဲ စစ်ပြေငြိမ်းဖို့ စေ့စပ်ညှိနှိုင်းခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့ပါတယ်။

ကစ်ဆင်ဂျာဟာ ပြီးခဲ့တဲ့လပိုင်းများအတွင်း အတော်လေးကို တက်တက်ကြွကြွလှုပ်ရှားခဲ့ပါတယ်။ သူဟာ အိမ်ဖြူတော်မှာ အစည်းအဝေးတွေတက်ခဲ့ပါတယ်။ ၂၀၂၃ခုနှစ် ဇူလိုင်လတုန်းက သူဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ဆုံဖို့ ဘေဂျင်းကို မျှော်လင့် မထားတဲ့ ခရီးတစ်ခုသွားရောက်ခဲ့ပါတယ်။

ပညာရှင်ကနေ သံတမန်ဖြစ်လာတဲ့သူဟာ ဂျွန်အက်ဖ်ကနေဒီကနေ ယခုလက်ရှိသမ္မတ ဂျိုးဘ်ိုင်ဒင်အထိ အမေရိကန်သမ္မတ ဒါဇင်ခန့်ကို အကြံပေးခဲ့ပါတယ်။

ကစ်ဆင်ဂျာဟာ အမေရိကန်ပြည်ထောင်စုကို ခိုလှုံလာခဲ့တဲ့ ဂျာမန်-ဂျူး ဒုက္ခသည်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

Source WION