၁၄ စက်တင်ဘာ ၂၀၂၃

ဓာတ်ရောင်ခြည် စိုးရိမ်မှုများ ကြောင့် ပြင်သစ် နိုင်ငံက အိုင်ဖုန်း ၁၂ ရောင်းချ မှု ကို တားမြစ် ခြင်း သည် ဥရောပ တစ်လွှား သက်ရောက် မှု များ ရှိ နိုင် သည် ဟု ၊ ဘယ်လ်ဂျီယံ ၊ ဂျာမနီ နှင့် နယ်သာလန် ရှိ အာဏာပိုင်များက သတိပေးခဲ့ပါတယ်။

အက်ပဲလ်၏ ပြန်လည်ပြုပြင်ပေးမှုများ အလုပ်မဖြစ်လျှင် ပြင်သစ် နိုင်ငံ ရှိ အိုင်ဖုန်း ၁၂ ဖုန်း အားလုံး ကို ပြန်လည်သိမ်းဆည်းပေးရမည်ဟု ၊ ပြင်သစ်နိုင်ငံ ၏ အမျိုးသား ဆက်သွယ်ရေးလှိုင်းအေဂျင်စီ ( ANFR) က အင်္ဂါ နေ့ တွင်ပြောကြားပါတယ်။ အိုင်ဖုန်း ၁၂၏ လျှပ်စစ်သံလိုက်လှိုင်း ဓာတ်ရောင်ခြည်က ၄၀ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရပြီး ယင်းက တရားဝင်ကန့်သတ်သတ်မှတ်ချက်ထက် ကျော်လွန်နေတာဖြစ်ပါတယ်။

ဒတ်ခ်ျ ဒစ်ဂျစ်တယ် စောင့် ကြည့် ရေး အဖွဲ့ က ယင်း သည် ANFR အစီရင်ခံ စာ ကို ကြည့်ရှု ခဲ့ပြီး အမေရိကန် နည်းပညာ ကုမ္ပဏီထမှ ရှင်းပြချက် တစ် ခုကို စောင့်နေသည်ဟု ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

"စံနှုန်းကို ကျော်လွန်သွားပြီ။ ကံကောင်းတာက ကြီးမားတဲ့  လုံခြုံ ရေး အန္တရာယ် မရှိပေမယ့် ကျွန်တော် တို့ အနေနှင့် ထုတ်လုပ်သူ နှင့် မကြာမီ ဆွေးနွေး မှု တစ်ခုလုပ်ပါမယ်" လို့ နယ်သာလန် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံစစ်ဆေးရေးအဖွဲ့ (အာရ်ဒီအိုင်)က ဒတ်ချ် သတင်းစာ အယ်လ်ဂီမင်းဒက်ဘလက်ကို ပြောပါတယ်။

"နယ်သာလန်နိုင်ငံဟာ ပြင်သစ်လိုပဲ မိုဘိုင်းလ်ဖုန်းတွေကို ဘေးကင်းစွာ အသုံးပြုဖို့ အရေးကြီးတယ်။ မိုဘိုင်းလ်ဖုန်းတွေက ဥရောပစံနှုန်းတွေကို လိုက်နာရမယ်”

ဘယ်လ်ဂျီယံ နှင့် ဂျာမနီ တို့ သည် ကြာသပတေးနေ့တွင် သူတို့ရဲ့ ကိုယ်ပိုင် ထုတ်ပြန်ချက်များကို လိုက်ပါထုတ်ပြန်ခဲ့ပြီး  ၊ ပြင်သစ် လုပ်ထုံးလုပ်နည်း သည် ဥရောပ တစ် ခု လုံး အတွက် လမ်းညွှန်ချက်တစ်ခုဖြစ်နိုင်တယ်ဟု ကွန်ယက်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံဒစ်ဂျစ်တယ် စီးပွားရေး အငယ်တန်း ဝန်ကြီး ၊ ဂျင်း-နိုရယ် ဘာရော့ က ANFR ၏ အချက်အလက် များ ကို အခြား အီးယူ အဖွဲ့ဝင်နိုင်ငံ များကို ဝေမျှပေးမယ်လို့ပြောကြားပါတယ်။အဲသလိုသာဆိုရင် အက်ပဲလ်အတွက် အခြေအနေတွေပိုကြီးထွားလာစေဖို့ ဦးတည်သွားနိုင်ပါတယ်။

" အက်ပဲလ်အနေနှင့်  နှစ်ပတ်အတွင်း တုံ့ပြန်လိမ့်မယ်လို့မျှော်လင့်ပါတယ်” လို့ သူက ပြင်သစ်သတင်းစာ လီ ပါရီဆန်ကို ပြောခဲ့ပါတယ်။

"သူတို့က တုန့်ပြန်ဖို့ပျက်ကွက်ခဲ့ရင် အိုင်ဖုန်း ၁၂ အားလုံးကို ပြန်သိမ်းဆည်းဖို့အတွက် အမိန့်ထုတ်ဖို့ ကျွန်တော်ပြင်ဆင်ထားပါတယ်။ ဒီဂျစ်တယ်ဘီလူးကြီးတွေအပါအဝင် အားလုံးအတွက် စည်းမျဉ်းက အတူတူပါပဲ” လို့သူကပြောပါတယ်။

အင်္ဂါ နေ့ တွင် အိုင်ဖုန်း ၁၅ စတင်ရောင်းချ ပြီးနောက် အိုင်ဖုန်း ၁၂ စမတ်ဖုန်းအတွဲများကို ရပ်ဆိုင်း ရန် စီစဉ်ထားပြီးဖြစ်ပါတယ်။ အဲဒီအတွက် အိုင်ဖုန်းအရောင်းအပေါ် သိသိသာသာ သက်ရောက်မှုမရှိတဲ့သဘောပါ။

သို့သော်  အဖြေရှာမရ၍ ဥရောပတိုက်အနှံ့ ဖုန်းများကို ပြန်သိမ်းဆည်းပါက ယင်းသည် ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီအတွက် သိသာတဲ့ အကျိုးသက်ရောက်မှုဖြစ်စေပါလိမ့်မယ်။

Source Independent