၁၃ စက်တင်ဘာ ၂၀၂၃

အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ်မှာ  ဖြစ်ခဲပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ဦးနှောက်စား Nipah နီပါး ဗိုင်းရပ်စ်ပိုး ကူးစက်လို့ လူနှစ်ဦး သေဆုံးပြီးနောက် စာသင်ကျောင်းအချို့ကို စက်တင်ဘာ ၁၃ ရက်ဗုဒ္ဓဟူးနေ့မှာ ပိတ်လိုက်ရပါတယ်။

ဆေးရုံမှာ လူကြီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ယခုဆေးရုံတင်ထားရဆဲပါ။  လူပေါင်း ၁၃၀ကျော်ကို အဆိုပါဦးနှောက်စားပိုးကူးစက်ခဲ့ တာဖြစ်ပါတယ်။ အဲဒီပိုးဟာ လင်းနို့တွေ၊ဝက်တွေနှင့် အခြားလူတွေနှင့် တိုက်ရိုက်ထိတွေ့ရာကနေကူးစက်တာဖြစ်တယ်လို့ အိန္ဒိယ ကျန်းမာရေးအရာရှိတစ်ဦးကပြောပါတယ်။

“ ကူးစက်ခံရသူတွေနှင့်ထိတွေ့ခဲ့သူတွေကို အရင်ဆုံး အဓိကထား လိုက်နေပါတယ်။ ပြီးတော့ရောဂါလက္ခဏာပြနေသူတွေကိုလည်း သီးသန့်ခွဲထားပါတယ်” လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီနာဂျော့က အိန္ဒိယမီဒီယာတွေကိုပြောပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲကို လေ့လာ ဆန်းစစ်းနေတယ်လို့လည်းသူကပြောပါတယ်။

“ ကျန်းမာရေးအကျပ်အတည်းကိုထိန်းချုပ်နိုင်စေဖို့ ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ သွားလာမှုကန့်သတ်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဩဂုတ် ၃၀ရက်ကတည်းက ကူးစက်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်ကတည်းကဆိုရင် ဒါဟာ စတုတ္ထအကြိမ် မြောက်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခြင်းဖြစ်ပါတယ်။  ကိုချီကိုဒီခရိုင်က ရွာ(၇)ရွာကို ထိန်းချုပ်ရေးဇုံအဖြစ်ကြေညာထားပါတယ်။

ပထမဆုံးသေဆုံးသူဟာ မာရူတွန်ကရာရွာက မြေပိုင်ရှင်တစ်ဦးဖြစ်ပြီး သူ့သမီးနှင့်ယောက်ဖတို့လည်း ကူးစက်ခံရပြီး ဆေးရုံက သီးခြား အခန်းထဲထည့်ထားရတယ်လို့ အစိုးရအရာရှိတစ်ဦးကပြောပါတယ်။  ဒုတိယသေဆုံးသူဟာ ပထမသေဆုံးသူနှင့်ဆေးရုံမှာထိတွေ့ခဲ့ပြီး သူတို့နှစ်ဦး ဘာမှတော်စပ် ဆက်စပ်ခြင်းတော့မရှိဘူးလို့ အဆိုပါအရာရှိကပြောပါတယ်။

ပထမဆုံးသော နီပါးဗိုင်းရပ်စ်ကို ၁၉၉၉ခုနှစ်မှာ မလေးရှားနှင့်စင်္ကာပူက ဝက်မွေးသူတွေနှင့်အခြားသူတွေဆီကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

ကဲရာလာပြည်နယ်မှာ ၂၀၁၉မှာ ပထမဆုံးကူးစက်မှုဖြစ်တုန်းက ၂၃ဦးအကူးခံရပြီး ၂၁ ဦးသေဆုံးခဲ့ရပါတယ်။ ၂၀၂၁ မှာ နောက်ထပ် နှစ်ဦးထပ်သေဆုံးခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံ ကဲလာရာပြည်နယ်ဟာ လင်းနို့ဗိုင်းရပ်စ်တွေကူးစက်နိုင်တဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာတွေထဲမှာ တစ်ခုပါဝင်နေပါတယ်။