Published 28 March 2023

လက်နက်အများကြီးကိုင်ဆောင်ထားတဲ့ အသက် ၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးက တင်နက်ဆီပြည်နယ်ရဲ့ မြို့တော် နက်ရှ်ဗီးလ်က ပုဂ္ဂလိကခရစ်ယာန်ကျောင်းတစ်ကျောင်းကို မတ် ၂၇ ရက်တနင်္လာနေ့က ဝင်ရောက်ပစ်ခတ်တဲ့အတွက် ကလေးငယ်(၃)ဦးနှင့် ဝန်ထမ်း(၃)ဦးသေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရဲတွေက အဲဒီအမျိုးသမီးကို ပစ်သတ်ခဲ့ပါတယ်။

ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ချက်ခြင်းမသိရသေးပေမယ့် သူမဟာ ကျောင်းရဲ့ အသေးစိတ်မြေပုံကိုတော့ ရေးဆွဲ ခဲ့ပါတယ်။ အဲဒီအထဲမှာ အဆောက်အအုံရဲ့ ဝင်ပေါက်တွေလည်းပါဝင်ပါတယ်။ ကြေညာစာတမ်းတစ်ခုနှင့် အခြားစာတွေ လည်းတွေ့ရပြီး ရဲက အဲဒါတွေကိုစစ်ဆေးနေတယ်လို့ ပြည်နယ်ရဲချုပ် ဂျွန်ဒရိတ်က သတင်းထောက်တွေကိုပြောပါတယ်။

သူမဟာ အသက်၂၈နှစ်အရွယ် အော်ဒရေးအဲလစ်ဇဘက်ဟေးလ်ဆိုသူဖြစ်ပြီး နက်ရှ်ဗီးလ်ဒေသမှာနေထိုင်သူဖြစ်တယ်။ အမည်ကိုအသံထွက်ကြည့်ပြီး အမျိုးသမီးတစ်ဦးလို့ရည်ညွှန်းတာဖြစ်တယ်လို့လည်း ရဲချုပ်ကပြောပါတယ်။

သူမဟာ လိင်ပြောင်းထားသူတစ်ဦးလို့သိရပြီး သူမဟာ အမျိုးသားအဖြစ် ဒါမှမဟုတ်အမျိုးသမီးအဖြစ် ဘယ်လို အသတ်မှတ်ခံထားသလဲဆိုတာကိုတော့မသိရပါဘူး။

နက်ရှ်ဗီးလ်ရဲဌာနဟာ တနင်္လာနေ့ မနက်၁၀နာရီ ၁၃နိနစ်ခန့်မှာ ကျောင်းပစ်ခတ်မှုသတင်းရရှိလို့  အခင်းဖြစ်တဲ့နေရာ ရဲအရာရှိတွေ ရောက်ရှိသွားတဲ့အခါ အဆောက်အဦဒုတိယထပ်ကနေ သေနတ်ပစ်သံတွေကြားရတယ်လို့ ရဲပြောရေးဆိုခွင့် ရသူ ဒွန်အာရွန်က သတင်းထောက်တွေကိုပြောပါတယ်။

ရဲအရာရှိနှစ်ဦးက အဲဒီပစ်ခတ်သူကို အဆောက်အဦရဲ့ ဧည့်စောင့်ခန်းမမှာ သေနတ်နှင့်ပစ်ခဲ့ပါတယ်။ သူမဟာ ၁၀နာရီ ၂၇ မိနစ်မှာသေဆုံးသွားပါတယ်။

အဲဒီအမျိုးသမီးဟာ ယခင်က ဒီကျောင်းက ကျောင်းသူဟောင်းတစ်ဦးလည်းဖြစ်တယ်လို့ ဒရိတ်က ပြောပါတယ်။ သူမဟာ အဝင်တံခါးတစ်ခုကို သေနတ်နှင့်ပစ်ခတ်ပြီးဝင်ရောက်ခဲ့တာလို့ ရဲချုပ်ကပြောပါတယ်။

မွန်ရိုးကာရယ်ဂျူနီယာကလေးဆေးရုံရောက်ပြီးနောက် သေနတ်ဒဏ်ရာကြောင့် ကလေးငယ်(၃)ဦးသေဆုံးခဲ့ပါတယ်။ ကျောင်းဝန်ထမ်း(၃)ဦးလည်း သေနတ်နှင့်ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားကလေးတွေဟာ အားလုံးအသက်(၉)နှစ်အရွယ်တွေဖြစ်ကြပြီး သူတို့ဟာ အိဗလင်း ဒိုင်ခေါ့စ်၊ဟာလီစကရပ်နှင့် ဝီလျံကင်နေတို့ဖြစ်ကြပါတယ်။ သေဆုံးခဲ့တဲ့ ဝန်ထမ်း(၃)ဦးက အသက်၆၁နှစ်အရွယ် ကျောင်း ထိန်းသိမ်းစောင့်ရှောက်သူ မိုက်ဟေးလ်၊အသက် ၆၁နှစ်အရွယ် အစားဝင်ကျောင်းဆရာမ စင်သီယာပိခ်နှင့် ကျောင်းအုပ် ဆရာမကြီးဖြစ်တဲ့ အသက်၆၀အရွယ် ကက်သရင်းကွန်းတို့ဖြစ်ကြပါတယ်။

သေသွားခဲ့သူတွေကလွဲပြီး ကျန်သူတွေ သေနတ်နှင့်အပစ်မခံရဘူးလို့ ရဲကပြောပါတယ်။

Source Reuters

#နက်ရှ်ဗီးခရစ်ယာန်ကျောင်းသေနတ်ပစ်မှုကလေး(၃)ဦးသေဆုံး

#တင်နက်ဆီပြည်နယ်၊နက်ရှ်ဗီးခရစ်ယာန်ကျောင်းသေနတ်ပစ်မှု

#YangonMediaGroup