Published_ 2 May 2024

မလေးရှားနိုင်ငံတောင်တရုတ်ပင်လယ်တွင် သင်္ဘောပေါ်၌တာဝန်ထမ်းဆောင်နေရင်းအသက်ဆုံးရှုံးခဲ့သည့် မြန်မာသင်္ဘောသား(၄)ဦးအတွက်လျှော်ကြေးငွေရရှိအောင်ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံပင်လယ် ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)မှသိရသည်။

ယင်းကဲ့သို့လျှော်ကြေးငွေများရရှိအောင် သေဆုံးသွားသည့် သင်္ဘောသား(၄)ဦး၏ကျန်ရစ်ခဲ့သည့်မိသားစုများမှ MSF အဖွဲ့ချုပ်သို့ အကူအညီတောင်းခံခဲ့၍ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

အကူအညီလာတောင်းခံသည့်အချိန် ပျောက်ဆုံးနေသည့် ရုပ်အလောင်းများအား ရှာဖွေသည့်ကာလတွင် ရုပ်အလောင်း(၃)ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် (၁) ခုသည်ယခုအချိန်ထိရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း၊
သက်ဆိုင်သည့် SRPS သည် မြန်မာ့အာမခံမှ ထားရှိသည့် သင်္ဘောသားအသက်အာမခံနှင့်ပတ်သက်သည့် လျော်ကြေးတောင်းခံမှုမှ ရုပ်အလောင်းပြန်လည်တွေ့ရှိသည့် (၃) ဦးမှာ လျော်ကြေးရရှိပြီးဖြစ်ပြီး မတွေ့ ရှိသေးသော ရုပ်အလောင်းတစ်ခု၏လျော်ကြေးမှာကာလ (၁) နှစ်ကြာစောင့်ပြီးမှ တောင်းခံရမည့် သဘောဖြစ်ကြောင်း၊
သင်္ဘောပိုင်ရှင်မှပေးလျော်ရမည့် အသက်အာမခံနှင့်စပ်လျဉ်း၍ SRPS မှ MSF အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး လက်ရှိဖြစ်စဉ်အခြေအနေအား ယခုရက်ပိုင်းတွင် SRPS မှ အဖွဲ့ချုပ်သို့လာရောက်တင်ပြခဲ့ ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)၏ ထုတ်ပြန်ချက်အရသိရသည်။

မလေးရှားနိုင်ငံတောင်တရုတ်ပင်လယ်တွင် သင်္ဘောပေါ်တွင်တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသား(၄) ဦးသည် ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၀)ရက်တွင် အသက်ဆုံးရှုံးခဲ့သဖြင့် လျှော်ကြေးငွေများရရှိစေရန်အတွက် မြန်မာနိုင်ငံပင်လယ် ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)အားဆက်သွယ်အကူအညီတောင်းခဲ့ခြင်း ဖြစ်ပြီးအဖွဲ့ချုပ်မှဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group