Published 2 May 2024

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ရှိ သင်္ဘောကျင်းတွင်ပြုပြင်နေသည့် သင်္ဘော တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။

မေလ၂ ရက် နံနက် ၄နာရီ ခွဲ အချိန် က လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ မီးသွေးဖိုကျေးရွာရှိ သင်္ဘောကျင်းတွင် ပြန်လည်ပြုပြင်နေသော ကုန်တင်/ခရီးသည်တင်သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင် မှု ကို လပွတ္တာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လပွတ္တာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၅နာရီ ၁၀ အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်သည့်အကြောင်းရာ နှင့် ဆုံးရှုံးမှု တန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group