Published 2 May 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းမွှေးကျေးရွာ၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး​ေ-သဆုံးကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ထံက သိရသည်။

မေလ ၂ရက် နံနက် ၈နာရီ ၂၀မိနစ် အချိန် ခန့်က ဖြစ်ပွားခဲ့ကာ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ် (၁) စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး၊ အမျိုးသမီး (၂)ဦးအနက် အမျိုးသား(၁) ဦး(သေဆုံး)ခဲ့ကာ အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီး(စစ်ကိုင်း)သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group