၁ မေ ၂၀၂၄

မြန်မာနိုင်ငံသို့ပေးပို့မည့် ဖောက်ခွဲဖျက်ဆိးရေးပစ္စည်း အမြောက်အများကို အိန္ဒိယ-မြန်မာနယ်စပ် အိုင်ဇိုမြို့ပြင်မှာ စစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ကပြောတဲ့အကြောင်း အိန္ဒိယမီဒီယာများက သတင်းရေးသားကြပါတယ်။

ဧပြီ ၃၀ ရက် မနက်စောစောမှာ  နာသီယယ်လ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဟာ MZ 01 AA 3655 ယာဉ်အမှတ်ပါ ကက်ဗ် ကားတစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ ကားမောင်းသူဟာ မီဇိုရမ်တောင်ပိုင်း မြန်မာနယ်စပ်အနီး   ဆန်ဂိုမြို့ဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၂၄နှစ်အရွယ် အိတ်ချ်ရမ်မိုပူရီယာဆိုသူဖြစ်ပါတယ်။ သူဟာ ဆန်ဂိုမြို့သို့  ဒိုင်းနမိုက်  ၈၀၀၀ ခုနှင့် စနက်တံ ၁၅၀၀တို့ကို ကားနှင့် တရားမဝင် သယ်ဆောင်လာစဉ်ဖမ်းမိခဲ့တာလို့သတင်းမှာဖော်ပြထားပါတယ်။

အဆိုပါဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေကို မြန်မာနိုင်ငံက လက်နက်ကိုင်အုပ်စုတွေအတွက် သယ်ဆောင်တာဖြစ်နိုင်တယ်လို့ ရဲက ပြောပါတယ်။ ဒိုင်းနမိုက်တွေကို ကတ်ထူဘူး ၄၀နှင့် စနက်တံတွေကို ဘူး ၅ ဘူးထဲ ဝှက်ထည့်လာတာဖြစ်ပါတယ်။

ယခင်ကလည်း အလားတူ ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေကို မြန်မာနိုင်ငံချင်းပြည်နယ်မှ ဘန်တလန်ရွာသို့ပေးပို့ခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ဖူးကြောင်း မီဒီယာများကရေးသားကြပါတယ်။

ယင်းအပြင် အဲဒီရက်မွန်းလွဲပိုင်းမှာပဲ  အဆိုပါဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေကို ပိုင်ဆိုင်တယ်လို့ဆိုသူ မြန်မာနိုင်ငံ ဘန်တလန်ရွာက စထရာလျန်နာကိုလည်း ဆန်ဂိုမြို့မှာဖမ်းဆီးလိုက်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

@ymg/knl