Published_17 May 2024
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ တွင် အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်း တို့ပါဝင်ကစားခဲ့ကြကြောင်း သိရသည်။
ဘော်လီဘောပြိုင်ပွဲကို ကျင်းပရခြင်းမှာ ဘော်လီဘောအားကစားသမားများ ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရန်၊ နိုင်ငံ့ လက်ရွေးစင် မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဘော်လီဘောအား က စားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန် ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါ ပြိုင်ပွဲကို မေလ ၇ ရက်မှ ၁၆ ရက်ထိ နေပြည်တော်၊ဝဏ္ဏသိဒ္ဓိအားကစား ကွင်း (C)ရုံ ၌ ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း၊ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့မေလ ၁၆ ရက် နံနက်ပိုင်းက ကျင်းပရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကာ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အ သင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန် တိုင်းဒေသကြီး အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ဘော်လီဘောပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲပွဲစဉ်အဖြစ် ကရင်ပြည်နယ် အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ကရင် ပြည် နယ်အသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘော်လီ ဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ် ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမ ဆုရရှိသည့်မန္တလေးတိုင်း ဒေသကြီး အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလား တို့ကိုပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။
ဘော်လီဘော ပြိုင်ပွဲ(အမျိုးသမီး)တွင် အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့ကြသူများအားနိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကောင်စီဝင်များ ဖြစ် ကြသည့် ဦးရန်ကျော်၊ ဦးရွှေကြိမ်းတို့ကလည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲတွင် အကောင်း ဆုံးအားကစားသမားဆု ရရှိခဲ့ကြသူများကို ကောင်စီဝင် များ ဖြစ်ကြသည့် ခွန်စံလွင်၊ ဒေါက်တာဘရွှေ၊ ဒေါက် တာ မှုထန်တို့က ဂုဏ်ပြုဆုနှင့်ချီးမြှင့် ငွေများကို ပေးအပ်ချီးမြှင့်ကြကြောင်း၊ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ တွင် ပူးတွဲတတိယဆုရရှိကြသည့် ရှမ်း ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့အား ကောင်စီဝင် ပိုးရယ်အောင်သိန်း ကလည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိကြသည့် မန္တလေးတိုင်းဒေသကြီးအသင်း နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းတို့အား ကောင်စီဝင် ဒေါ်ဒွဲဘူ ကလည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး) ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်း နှင့် ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီး မြှင့်ကြကြောင်း သိရသည်။
ယင်းနောက် ဘော်လီဘော(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေး တိုင်းဒေသကြီး အသင်းနှင့် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ် အသင်းကိုကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်း ဆု တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 17 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar
၁၆ မေ ၂၀၂၄
မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက ဆက်လက်ပြီးထောက်ခံအားပေးကူညီမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ကြာသပတေးနေ့ မေလ ၁၆ ရက်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူကပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
- Category: China_Myanmar
Published 16 May 2024
မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် GGI Nippon Life Insurance Company (GGINL) တို့ မြန်မာနိုင်ငံတွင်းရှိ မိဘပြည်သူများ၏ အနာဂတ်ဘဝအားကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပြီးပြည့်စုံသော အသက်အာမခံ ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် အာမခံဝန်ဆောင်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် Bancassurance မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိဘပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော GGINL ၏အာမခံဝန်ဆောင်မှုများကို မေလ (၁) ရက်မှ စတင်၍ MTB ဘဏ်ခွဲ (၁၇) ခုလုံးတွင် ရရှိနိုင်မည် ဖြစ် သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များတွင် စိတ်အေးချမ်းသာ စွာစီမံ ဆောင်ရွက်နိုင်ခြင်း၊ ၎င်းတို့၏ချစ်ရသူများအား ကာကွယ်စောင့်ရှောက်နိုင်ခြင်းတို့အပြင် ၎င်းတို့ကလေး များ ၏အနာဂတ်ပညာရေးအတွက်လည်း စိတ်ပူပန်စရာမလိုဘဲ ကြိုတင်စီစဉ်ထားနိုင်မည်ဖြစ်ကြောင်း သိရ သည်။
MTB Bank မှ Bancasurrance Partnership အဖြစ် ခရီးသွားအာမခံ၊ ကျန်းမာရေးအာမခံ၊ လုပ်သားပြည်သူ အသက်အာမခံ စသည်ဖြင့် "အသက်အာမခံ" အမျိုးအစားများစွာကို ဝန်ဆောင်မှုပေးလျက်ရှိသောမြန်မာနိုင်ငံ၏ ထိပ်တန်းအာမခံလုပ်ငန်းများအနက်မှ တစ်ခုဖြစ်သည့် "GGI Nippon Life" ဖြင့် လက်တွဲ၊ ပူးပေါင်းဆောင် ရွက်ကာ မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် ကမ္ဘာ့အဆင့်မီအာမခံဝန်ဆောင်မှုများပေးအပ်သွားရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ အဖွဲ့အစည်းနှစ်ခုရဲ့အားသာချက်များကို ပေါင်းစည်းပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ မိသားစု တွေကို မှန်ကန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များချနိုင်စေဖို့၊ မိဘပြည်သူတို့ရဲ့ ချစ်ရသူတွေကို ကာကွယ် နိုင်စေဖို့၊ အနာဂတ်ဘဝတွေ လုံခြုံစိတ်ချရစေဖို့နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ မိသားစုများကို ခွန်အားပေး နိုင်စေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်ခွင့်ရတာဟာ ကျွန်တော်တို့ရဲ့ Customer တွေအတွက် အာမခံဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေဖို့ ပံ့ပိုးကူညီမှု တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်း အာမခံဝန်ဆောင်မှုတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ပူးပေါင်းဆောင် ရွက်တာလည်းဖြစ်ပါတယ်" ဟု မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင် က ပြောသည်။
MTB နှင့် GGINL တို့ လုပ်ငန်းမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံရှိ ဘဏ္ဍာရေး ဝန်ဆောင်မှုများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အဖွဲ့အစည်းနှစ်ခုလုံးမှ ပူးပေါင်း မြှင့်တင်ရန် ရည်ရွယ်ပြီး နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများဖြင့် MTB နှင့် GGINL တို့သည် သုံးစွဲသူ Customer များအတွက် လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များစီမံဆောင်ရွက်ခြင်းဖြင့် အာမခံဝန်ဆောင်မှုများကို အသုံးပြုမည့် မိဘပြည်သူများအတွက် ပိုမိုအဆင်ပြေ၊ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်စေရန်လည်း ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာရှိတဲ့ မိဘပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ကမ္ဘာ့အဆင့်မီ အာမခံဝန် ဆောင်မှုများကို ပေးအပ်နိုင်စေဖို့နဲ့ အာမခံလုပ်ငန်းတွေ အခုထက်ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့လည်း ရည်မှန်း ထားပါတယ်။ GGINL ရဲ့ အမျိုးအစားစုံလင်ပြီး အဆင့်မြင့်တဲ့ အသက်အာမခံဆိုင်ရာ ဝန်ဆောင်မှုတွေကို MTB ဘဏ်ရဲ့ခိုင်မာ၊ ကျယ်ပြန့်တဲ့ဘဏ်လုပ်ငန်းကဏ္ဍနဲ့ ပေါင်းစည်းခြင်းဟာ မိဘပြည်သူများအတွက်လည်း အကျိုးဖြစ်ထွန်းစေမယ့် အာမခံဝန်ဆောင်မှုတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့အာမခံလုပ်ငန်း တိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟု GGI Nippon Life Insurance ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးချမ်းမြက ပြောသည်။
မြန်မာ့ခရီးသွားဘဏ် (MTB) သည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအတွက် ဆန်းသစ်သော ဘဏ်လုပ်ငန်း ဆိုင်ရာဝန်ဆောင်မှုများနှင့် ပံ့ပိုးကူညီမှုများပေးဆောင်ရန် ရည်ရွယ်ထားသည့် မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး ဘဏ်များအနက်မှ တစ်ခုဖြစ်သည်။
MTB Bank အနေဖြင့် ၂၀၁၉ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မုံရွာ၊ မူဆယ်၊ တောင်ကြီး၊ မြဝတီ စသဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဘဏ်ခွဲပေါင်း (၁၇) ခုအထိ တိုးချဲ့ ဖွင့်လှစ်ထားပြီး ခေတ်မီအဆင့်မြင့်သော Digital နည်းပညာများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စအဝဝ များတွင် အကောင်းမွန်ဆုံးဝန်ဆောင်မှုများပေးနိုင်စေရန် အစဉ်အမြဲကြိုးစားလျက်ရှိကြောင်း၊MTB ဘဏ်၏ ကျယ်ပြန့်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှတစ်ဆင့် မြန်မာနိုင်ငံသားတစ်ဦးချင်းစီ၏ စီးပွားရေးလုပ် ငန်းများနှင့်
လူနေမှုအဆင့်အတန်းများကို မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
GGI Nippon Life Insurance (GGINL) သည် မြန်မာနိုင်ငံရှိ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ငွေ ကြေး ဆိုင်ရာကိစ္စရပ်များတွင် လုံခြုံစိတ်ချရစေရန် အာမခံထားသည့် ဂုဏ်သိက္ခာကြီးမား၍ ကျော်ကြားသော "အသက်အာမခံကုမ္ပဏီ" တစ်ခုဖြစ်ကာ မြန်မာနိုင်ငံသားတစ်ဦးချင်းစီနှင့် မိသားစုများ၏ မတူညီသော လိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အာမခံဝန်ဆောင်မှုအမျိုးမျိုးကို ပေးဆောင်လျက်ရှိကြောင်း သိရ သည်။
#Yangon_Times/PP
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar
#Daily_News
Published_ 16 May 2024
၁။ ချင်း ဈေးမြင့်နေသော်လည်း အရည်သွေးကောင်သည့် ကုန်ပစ္စည်း မရှိသလောက်နည်းနေ
၂။ မြေပဲဆီ၊ နှမ်းဆီထုတ်ရန် တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မကွေး၊ ရွှေဘိုမှ ဆီကြိတ်စက်များ အမှာများနေ
၃။ ရွှေဈေး ၄၉သိန်းကျော်အထိ မြင့်တက်လာပြီး ရည်ညွန်းဈေးနှင့် ၁၀သိန်းခန့် ကွာဟနေ
၄။ အမေရိကန်တွင် လျှပ်စစ်ကားဈေးကွက် တိုးတက်မှုနှောင့်နှေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: Myanmar
Published 16 May 2024
(၁၈)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် မြန်မာ့ကာယဗလအားကစားအဖွဲ့ယနေ့ မနက်ပိုင်းပ ပြည်ပထွက်ခွာ ခဲ့ကြောင်းသိရသည်။
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ၂၀၂၄ ခုနှစ် မေလ ၁၆ ရက်နေ့မှ ၁၉ရက်နေ့အထိကျင်းပမည့်(၁၈)ကြိမ် မြောက်အရှေ့ တောင်အာရှ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန်အတွက်မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်သောမြန်မာ့ကာယဗလအားကစားအဖွဲ့ သည်ယနေ့နံနက်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှလေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ကော်မတီဝင်များနှင့်မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့ကာယဗလအားကစားအဖွဲ့တွင်အဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်သန်း(အုပ်ချုပ်သူ)၊ ဒေါ်ရီရီဝင်း(နည်းပြ)၊ ဦးဇော်ဝင်းအောင်(နည်းပြ)၊ ဦးအောင်နိုင်(ဒိုင်)၊ ကာယဗလအားကစားသမားများဖြစ်ကြသည့် ကာယဗလ (၆၀ )ကီလိုတန်းပြိုင်ပွဲတွင် ထွန်းမင်းနိုင်၊ (၆၅ )ကီလိုတန်းပြိုင်ပွဲတွင် မုန်ဘန်အောင်၊ (၇၀ )ကီလိုတန်းပြိုင်ပွဲတွင် နိုင်မင်းသိမ်း၊ ( ၇၅) ကီလိုတန်းပြိုင်ပွဲတွင် အောင်မင်းဦး၊ (၇၅) အထက်ကီလိုတန်းပြိုင်ပွဲတွင် မျိုးနိုင်ထွန်း၊ Men's Athletic Physique up to 175 cm + 6kg ပြိုင်ပွဲတွင် ကိုကိုကျော်ဖြိုး၊ Men's Sports Physique up to 170 cm -2 kg ပြိုင်ပွဲတွင် သန်းထိုက်ဦး၊ Women's Athletic Physique ပြိုင်ပွဲတွင် သဲဝါ၊ Women's Model Physique up to 160 cm ပြိုင်ပွဲတွင် ခင်နီလာစိုး နှင့် Women's Model Physique over 165 cm ပြိုင်ပွဲတွင် ဇူးဇူးသန့်တို့လိုက်ပါသွားကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar
Published 16 May 2024
မိုးစပါးရာသီအတွက် ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံထားရှိမှုကို ဇွန်လ၌ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်းမြန်မာ့အာမခံလုပ်ငန်းမှ သိရသည် ။
မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မိုးရာသီစိုက်ပျိုးစရိတ် တစ်ဧကချေးငွေအပေါ်တွင် အာမခံ တစ်ရာခိုင်နှုန်းထားရှိခြင်းကိုလာမည့် ဇွန်လ ၁ ရက်မှစတင်၍အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သူများ အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB)မှ တစ်ဧကကိုကျပ် တစ် သိန်းခွဲနှုန်းထုတ်ချေးရန် သတ်မှတ်ထားပြီးမတော်တဆသဘာဝဘေးအန္တရာယ် ကျရောက်လာပါကစိုက်ပျိုးစရိတ်များပြန်လည်မပေးဆပ်နိုင်သည့် အခါတွင် ဘဏ်မှ ပြန်လည်လျော်ကြေးပေးနိုင်ရန် ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံဆောင်ရွက်ခြင်းကိုမြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB)တို့မှ ပူးပေါင်း၍ ပြီးခဲ့သည့် ဆောင်းရာသီစိုက်ပျိုးစရိတ် စတင်ထုတ်ချေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ထုတ်ချေးရာတွင် တိုင်းဒေသကြီး (၃)ခုဖြစ်သည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် Pilot Project အဖြစ် ဆောင်ရွက်ခဲ့ပြီးယခုမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးချိန်တွင် တစ်နိုင်ငံလုံး၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar
Published 16 May2024
မိုးကြိုကာလအတွင်း မုန်တိုင်းမိုးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ကြိုတင်ပြင်ဆင်ကြရန် စိုက်ပျိုးရေးဦးစီးဌာန အသိပေးထားသည်။
အဆိုပါသတိပေးချက်တွင် မိုးကြိုကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့်သီးနှံများ ထိခိုက်ပျက်စီးရလေ့ရှိကြောင်း၊မုန်တိုင်းဖြစ်ပေါ်ပါက ရွာသွန်းသောမိုးရေကြောင့်မိုးကြို နှမ်း၊ပဲတီစိမ်း၊ဝါသီးနှံများအပါအဝင် မိုးကြိုသီးနှံများထိခိုက်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ရနိုင်သဖြင့်ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစေရန် စိုက်ခင်းများအတွင်း စိမ့်မြောင်း၊ ပတ်မြောင်းများတူးဖော်ထားရန်အသိပေးထားရှိပြီးဖြစ်ကြောင်းသိရသည်။
ထို့အပြင် စိမ့်မြောင်း၊ ပတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်တောင်သူများအနေဖြင့် အမြန်ဆုံးတူးဖော်ထားကြပါရန်နှင့် တူးဖော်ပြီးပျက်စီးနေသည့်စိမ့်မြောင်း၊ ပတ်မြောင်းများကိုလည်း ပြန်လည်ပြင်ဆင်ထားကြရန်နှိုးဆော်ထားကြောင်းသိရသည်။
၎င်းအပြင် နွေစပါးရိတ်သိမ်းလျက်ရှိသော တောင်သူလယ်သမားများအနေဖြင့်လည်း လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်ထားကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar