၁၅ ဇန်နဝါရီ ၂၀၂၄

မြန်မာနိုင်ငံအနေထဖြင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်၍မရသော အစိတ်အပိုင်း တစ်ခုအဖြစ်မှတ်ယူထားပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်ထောက်ခံကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ (၁၃)ရက်တွင် ထိုင်ဝမ်ကျွန်းတွင်ကျင်းပသည့် သမ္မတနှင့်လွှတ်တော်ရွေးကောက်ပွဲအပြီးတွင်  ထိုင်ဝမ်)တရုတ်-တိုင်ပေ)ဒေသ ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလိုထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ် သော ဆောင်ရွက်ချက်များအား ဆန့်ကျင်ကြောင်းနှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်းဖြင့်လည်း နစကရဲ့ သဘောထားအမြင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုဆက်လက် ထိန်းသိမ်းလျက် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို တစ်စိုက်မတ်မတ် ထောက်ခံလျက်ရှိကြောင်း ထပ်လောင်း အတည်ပြုအပ်ပါသည်လို့လည်း ဖော်ပြပါရှိပါတယ်။

Ymg/knl