Published_ 19 October 2023

ပဲခူးတိုင်းအတွင်းကျေးရွာနှစ်ရွာမှ ရေဘေးသင့်ပြည်သူများကို မြန်မာကျဲကျန်းတရုတ်ကုန်သည်ကြီးများအသင်းမှ ငွေကျပ်သိန်း (၂၁ဝ)တန်ဖိုးရှိ ဆန်အိတ်၊ဆီ၊ရေသန့်၊ခေါက်ဆွဲခြောက်စသည့်စားနပ်ရိက္ခာများသွားရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။

မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း၏ စီစဉ်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ရှမ်းရွာကြီးကျေးရွာမှ အိမ်ထောင်စု (၃၅၀)နှင့် ပေပင်ချောင်ကျေးရွာမှအိမ်ထောင်စု(၁၅၀)မှ ရေဘေး သင့်ပြည်သူများအားမြန်မာကျဲကျန်းတရုတ်ကုန် သည်ကြီးများအသင်းဥက္ကဌ Mr.Tu Guodingနှင့်အဖွဲ့ဝင်များက ငွေကျပ်သိန်း (၂၁ဝ) တန်ဖိုးရှိ ဆန်၊ဆီ၊ရေသန့် ၊ခေါက်ဆွဲခြောက်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံပေးအပ်လှူဒါန်းခဲ့ကြသည်။

ယင်းအလှူပစ္စည်းများကို မြန်မာ-တရုတ်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာကျဲကျန်းတရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးများကိုယ်တိုင် ရှမ်းရွာကြီးကျေးရွာမှ အိမ်ထောင်စု (၃၅၀)နှင့် ပေပင်ချောင်ကျေးရွာမှအိမ်ထောင်စု (၁၅၀)မှ ကျေးရွာနေပြည်သူများကိုတစ်အိမ်ထောင်စုလျှင် ဆန်(၅)ပြည်၊မြေပဲဆီ(၁.၈)လီတာ၊ရေသန့်ဗူးတစ်ဗူး၊ ခေါက်ဆွဲခြောက်(၁၀)ထုတ်များအရောက်သွားရောက်လှုဒါန်းခဲ့ကြကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group