Published_19 Oct 2023

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း Online လိမ်လည်မှုများကျူးလွန်နေသော ချန်ရန်ပန်(ခ)ပေါက် အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်တို့အား ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

အဆိုပါ နှစ်ဦး ကို ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း Online လိမ်လည်မှုများ၊ လူကိုသွေးဆောင်ဆွဲ ခေါ်မှုများ၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေခြင်းကြောင့် အောက်တိုဘာလ ၁၇ ရက် တွင် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ပြီးခဲ့သည့် လအတွင်းက လည်း မြန်မာနိုင်ငံရှိ “ဝ”ပြည်နယ်အတွင်း ဆက်သွယ်ရေးလိမ်လည်မှုများဖြင့် အဆိုပါ ပြစ်မှုကျူးလွန်သူ လူ ၁၂၀၇ ဦး ကို “ဝ” ပြည်နယ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲ တပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း ယနေ့ အောက်တိုဘာလ ၁ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ပြုလုပ်သော (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ် ဖွဲ့နေ့ အခမ်းအနားအတွင်း က သိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group