#Local_News
Published_ 8 June 2023


မြန်မာ - တရုတ် ချစ်ကြည်ရေးမြို့တော်များ ဆောင်ရွက်နိုင်ရေး နေပြည်တော်၌ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီးဦးအောင်သော်အား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu နှင့် အဖွဲ့သည် ဇွန် ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ လာရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး အတွက် တရုတ်နိုင်ငံတွင် အသုံးများသော တစ်တော့(Tiktok)၊ ကွိုက်ဇိုလ် (Kuaishou) ကဲ့သို့ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းများတွင် Myanmar Pavilion အမည်ဖြင့် မြှင့်တင်ကြော်ငြာရေးနှင့် ၂၀၂၄ ခုနှစ်တွင် International Mountain Tourism ပွဲတော် ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

#ygm_mnn #Local_News #မြန်မာ - တရုတ် ချစ်ကြည်ရေး
#YMG #Yangon_Media_Group