#Local_News
Published_ 19 January 2023

 

တရုတ်မှ ပြန်လည် ဝင်ရောက်လာသူပြည်တော်ပြန် ၁၀၀ ကျော်အနက် ၃ ဦးတွင် ဇန်နဝါရီ ၁၈ရက်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်က သိရသည်။

 

"၁၈ရက်နေ့က နန်းတော်ဂိတ်ပေါက်က မူဆယ်မြို့ကို ပြည်တော်ပြန် ၁၀၀ ကျော် ပြန်လည်ဝင်ရောက်လာတယ်။ စစ်လိုက်တော့ ၃ယောက် မှာ ကိုဗစ်ပိုးတွေ့တယ်။ သူတို့ကို ကိုဗစ်စင်တာမှာ စနစ်တကျ ကုသပေးနေတယ်"ဟုဆိုသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး ၃ဦးကို မူဆယ် ၁၀၅မိုင် ကုတင် ၁၀၀၀ဆေးရုံတွင် အသွားအလာကန့်သတ်၍ စနစ်တကျထားရှိကုသပေးနေကြောင်းလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက်က သိရသည်။

 

ဇန်နဝါရီ ၈ရက်တွင် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးပြီးနောက်ပိုင်း နှစ်နိုင်ငံအစိုးရ၏သဘောတူညီမှုဖြင့် နေရပ်ပြန်များ ပြန်လည်လက်ခံပေးနေပြီးဇန်နဝါရီလ (၁၄) ရက်ကလည်း နေရပ်ပြန် မြန်မာနိုင်ငံသားပြည်တော်ပြန် (၁၄၀) ကျော်ရှိခဲ့ကြောင်းလည်း သိရသည်။

 

ပထမအကြိမ်ဝင်ရောက်လာသူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ၊ လဝကကိစ္စရပ်များအား စစ်ဆေးမှုများပြုလုပ်ပြီး မိမိတို့၏ နေရပ်များသို့ ပြန်လည်ထွက်သွားပြီးဖြစ်ကြောင်းနှင့် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group