#Local_News
Published_ 24 December 2022

 

Thai Tiger ထိုင်းဘုရင်ဖလားခါးပတ်လုပွဲကို ယနေ့ ဒီဇင်ဘာ ၂၄ ရက်
တွင် မြန်မာနိုင်ငံသား ကယန်းတိုင်းရင်းသူ ဘရော်နီကာနှင့် ဂရိနိုင်ငံသူတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲကို ယနေ့ ထိုင်းစံတော်ချိန် ညနေ ၆ နာရီအချိန်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ NImibutr အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာနိုင်ငံသား ဘရော်နီကာက ယမန်နေ့ ဒီဇင်ဘာ ၂၃ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ " လာပြီနော အမျိူးတို့ မနက်ဖြန်ထိုင်းစံတော်ချိန် ညနေ ၆ နာရီပါခင်ဗျ။ Thai Fight YouTube ကနေ Live လွင့်မှာ ဖြစ်ပါတယ် စောင့်မျှော်ကြည့်ရှု့အားပေးကြပါနော် ပြီးတစ်ခုလောက်ထပ်တောင်းဆိုပါရစေ ကိုယ်တိုင်လာရောက်အားပေးတဲ့သူအားလုံး ကျွန်တော်ပွဲပြီးတာနဲ့ ထပ်မပြန်သွားဖို့ ထိုင်းဖိုက်က ကျွန်တော်ကိုတောင်းဆိုခိုင်းပါတယ်ခဗျ အားလုံးကိုကျေးဇူးတင်ပါတယ်" ဟု ရေးသားထားသည်။

 

ဘရော်နီကာအနေဖြင့် Thai Tiger ပွဲစဉ်များကို ပြီးခဲ့သောအောက်တိုဘာလအတွင်းက ထိုင်းနိုင်ငံဘန်ကောက်၌ ယှဉ်ပြိုင်ထိုးသတ်ကစားခဲ့ရာ ဘရာဇီးနိုင်ငံသူကိုလည်းကောင်း၊ နိုဝင်ဘာလတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သောပွဲ၌ အာဂျင်တီးနားသူကိုလည်းကောင်း အသီးသီးအလဲထိုးယှဉ်ထိုးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ယင်းအတွက် ဗိုလ်လုပွဲသို့ရောက်ရှိကာ ယခု ဒီဇင်ဘာလအတွင်း ဂရိနိုင်ငံသူနှင့်ယှဉ်ပြိာင်ထိုးသတ်ရမည်ဖြစ်ပြီး၊ အဆိုပါ Thai Tiger ပွဲတွင် ၂၅ ပွဲ အနိုင်ရှိထားသူတစ်ဦးလည်း ဖြစ်သည်။

#Yangon_Media_Group