#Local_News
Published_ 16 December 2022

 

ငါးရက်ကြာပျောက်ဆုံးခဲ့သည့် ကလေးငယ်ဇွဲဝေယံထွန်းကို ပျောက်သည့်နေရာအနီးတစ်ဝိုက်တွင် ပြန်လည်တွေ့ရှိသည်ဟုဆိုပြီး လာရောက်ပို့ဆောင်သွားကြောင်း မိခင်ဖြစ်သူက YMG ကို ပြောသည်၊၊

 

ဒီဇင်ဘာ (၁၁)ရက်က ပျောက်ဆုံးသွားတဲ့ အသက် ငါးနှစ်အရွယ် ကလေးငယ်မောင်ဇွဲဝေယံထွန်းကို ဒီဇင်ဘာ (၁၆)ရက် မနက်တွင်ပြန်လည်တွေ့ရှိခြင်းဖြစ်သည်၊၊

 

ကလေးမိခင်ဖြစ်သူက "မောင်ဇွဲဝေယံထွန်း ဒီမနက်ပဲ ပြန်တွေ့ပါတယ်၊၊ ကျန်းကျန်းမာမာလေး ကောင်းကောင်းမွန်မွန်လေးပြန်တွေ့ပါတယ်၊၊ ဒီနားဝန်းကျင်က တွေ့လို့ဆိုပြီး လာပို့ပေးတာပါ၊၊ ပျောက်တဲ့နေရာကနေနည်းနည်းနီးတဲ့နေရာအပိုင်းကနေ တွေ့လို့ဆိုပြီး လာပို့ပေးထားတာပါ၊၊ အချို့ကလည်း လိုင်းမသုံးတဲ့သူတွေရှိရင်ရှိမယ် အစ်မတို့ကလည်း မနေ့ကစက်တွေနဲ့လည်း အော်တယ်လေ၊၊ အခုပြန်တွေ့ပါပြီ၊၊ကလေးပျောက်လို့ တိုင်ထားတာမျိုးရှိပါတယ်၊၊ မနက်ဖြန်ကျရင်ပြည့်ပြည့်စုံစုံဖြေပေးပါမယ်၊၊ ကလေးကိုတော့လောလောဆယ် စခန်းကို ခဏခေါ်သွားပါတယ်"ဟု ပြောသည်၊၊

 

ကလေးငယ်သည် ဒီဇင်ဘာလ(၁၁)ရက်က ၇၁လမ်း၃၀×၃၁လမ်းရှိအဘွားအိမ်တွင် ဆော့နေစဉ်နေ့လည် ၂:၄၅ အချိန်ခန့်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါကလေးငယ်အပြင် အခုရက်ပိုင်းအတွင်း ကလေးငယ်ပျောက်ဆုံးမှုများ လူမှုကွန်ရက်ပေါ်တွင်(၄)(၅) ဦး တွေ့ရှိရပြီးတွေ့ရှိပါက ဆက်သွယ်ပေးကြရန်လည်းရေးသားဖော်ပြထားကြကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group