#Local_News
Published _6 October 20222

 

မှတ်တမ်းရိုက်ကူးသူ ဂျပန်နိုင်ငံသား Toru Kubota ကို ထောင်ခုနစ်နှစ်ချမှတ်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ယင်းကိုရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ နှင့် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးပုဒ်မ ၃၃(က)အရ နှစ်မှုပေါင်းပြီး တစ်ပေါင်းတည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းဖြစ်ကြောင်း၊ လဝက ၁၃(၁)အတွက် တရားရုံးစစ်ဆေး ဆဲဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

 

သြဂုတ် ၁၆ ရက်က ယင်း အဖမ်းခံထားရသည့် မှတ်တမ်းရိုက်ကူးသူဂျပန်နိုင်ငံသားကို အမှုအားလုံးပြတ်မှ လုပ်သင့်သည်ကိုလုပ်မည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ခဲ့သေးသည်။

 

မစ္စတာ Toru Kubota ဆိုသူမှာ အသက် ၂၆ နှစ်အရွယ်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်(တောင်ပိုင်း) City Max အနီး ဆန္ဒပြမှုတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် Mr. Hiromichi Watanabe တို တွေ့ဆုံရာတွင် မစ္စတာ Toru Kubotaတိုရုကူဘိုတာ၏အမှုကိစ္စကိုလည်း ပြောဆိုခဲ့ကြသေးကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group