#Local_News
Published _6 October 20222

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အိမ်အမှတ် အ၁ /၆၄ ၊ ၇၂ လမ်း၊၁၁၈လမ်းနှင့် ၁၁၈ A လမ်းအကြားရှိ နေအိမ်ဆေးဆိုင်တစ်ဆိုင်တွင် ယနေ့ အောက်တိုဘာလ ၆ ရက်နံနက် ၅ နာရီခန့်က အနုကြမ်းစီးကာ အမျိုးသမီးနှစ်ဦးအား သတ်ဖြတ်သွားသည့်အမျိုးသားတစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

 

အနုကြမ်းစီးသူက ဆေးဝယ်လို၍ တံခါးဖွင့်ပေးရန်ပြောဆိုသည့် အတွက် တံခါးဖွင့်ပေးစဉ်တွင် အဆိုပါ အမျိုးသမီးနှစ်ဦးကိုသတ်၍ နေအိမ်ရှိပစ္စည်းနှင့်ငွေများကို ယူဆောင်သွားကြောင်း၊ လူသတ်၍ အနုကြမ်းစီးသွားသူများကို မှတ်တမ်းများဖြင့် လိုက်လံရှာဖွေဖမ်းဆီးရမိထားကြောင်းလည်း သိရသည်။

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၂လမ်း၊ ၁၁၈လမ်းနှင့် ၁၁၉လမ်းကြားတွင် အသက်ခြောက်ဆယ်အရွယ် မိခင်ဖြစ်သူနှင့် သမီးနှစ်ဦးအပါအဝင် သုံးဦးအတူ နေထိုင်၍ အိမ်ရှေ့တွင် ဆေးအရောင်းဆိုင် ဖွင့်လှစ်ထားရှိသည့် နေအိမ်ဖြစ်ကြောင်း၊ သမီးအငယ်နှင့်မိခင်ဖြစ်သူ နှစ်ဦးသာရှိနေချိန်တွင် လူသတ်ပစ္စည်းလုယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

သေဆုံးသွားသူများမှာ သားအမိနှစ်ဦးဖြစ်ပြီး သမီးမှာ အသက်နှစ်ဆယ်ခန့်အရွယ်၊ မိခင်မှာအသက်ခြောက်ဆယ်ခန့်အရွယ်တို့ ဖြစ်ကြောင်း ၊အဆိုပါနေအိမ်၌ သားအမိ သုံးဦးနေထိုင်ကြခြင်းဖြစ်ပြီး နောက်ထပ် သမီးတစ်ဦးမှာ အခင်းဖြစ်ပွားစဉ်တွင် နေအိမ်၌ ရှိမနေခဲ့ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group