#Local_News
Published - 26 August 2022

 

ဒေါ်လာဝယ်သူတွေ၏ အမည်စာရင်းနှင့် ပမာဏကို နေ့စဉ် ညနေ ၅နာရီတိုင်း ဗဟိုဘဏ်သို့ ပေးပို့ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က နိုင်ငံခြားငွေရောင်းချသည့် လိုင်စင်ရဘဏ်တွေကို ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

 

နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်တွေအနေဖြင့် ပို့ကုန်သမား၊ စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ကင်းလွတ်ခွင့်ရ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များစသည့် ဒေါ်လာဝယ်ယူသူများ၏ အမည်စာရင်းတွေကို နေ့စဉ် ညနေ ငါးနာရီတိုင်း ဗဟိုဘဏ်သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာရင်းမှာ ပြန်ရောင်းသည့် ဒေါ်လာပမာဏနှင့် စာရင်းပေးရမည်ဖြစ်ပြီး လာမည့် ဩဂုတ်လ ၂၉ ရက်နေ့မှစတင်ကာ ညနေ ၅ နာရီ နောက်ဆုံးထားပြီး နေ့စဉ်စာရင်းပေးပို့ရမည်ဟု ဗဟိုဘဏ်၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

 

လက်ရှိတွင် ပို့ကုန်တင်ပို့သူတွေသည် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းသော ဒေါ်လာတွေကို ရောင်းချခြင်း၊ ကိုယ်တိုင်သုံးစွဲ ခြင်းများပြုလုပ်နိုင်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနှင့် ချက်ချင်းလဲလှယ်ရမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group