Published 19 August 2022
နစက သည် ပြည်ထောင်စုဝန်ကြီးအချို့ပြောင်းလဲတာဝန်ပေးကြောင်းကြေညာပါတယ်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်ကို ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးတာဖြစ်ပါတယ်။