#LocalNews
Pulished_2 June2022

 

ကျောင်းဖွင့်ရာသီဖြစ်တဲ့ ယခု ဇွန်လ ၂ရက်နေ့တွင် ရန်ကုန်မြို့တွင်းမှာရှိတဲ့ ကျောင်းသုံးပစ္စည်းအရောင်းဆိုင်တစ်ချို့မှာ ရောင်းအားတက်နေပြီး ကျောင်းသုံးပစ္စည်းများ ထပ်မံမှာယူရာတွင် အခက်အခဲတစ်ချို့ရှိနေကြောင်း ယင်းပစ္စည်းရောင်းချသော ဆိုင်များထံမှ သိရသည်။

 

"အမတို့ဆိုင်ကတော့ အရင်လတွေက ရောင်းအားကတော့ ပုံမှန်လောက်တော့ ရောင်းရပါတယ်။ အခုကျောင်းဖွင့်ရာသီ ဇွန်လ ၁ရက်နေ့ကနေ ဒီနေ့ ၂ရက်နေ့အထိကတော့ အရောင်းတက်လာပါတယ်။ အရင်ထက်စာရင်တော့ရောင်းအား တက်လာပေမယ့် ပြန်ဝယ်ရတဲ့အခါမှာတော့ နည်းနည်းတော့ အခက်အခဲရှိပါတယ်။ အမတို့ဆိုင်ကတော့ ပစ္စည်းတွေကို ပြည်တွင်းကရော ပြည်ပကရော ၂မျိုးလုံးတင်သွင်းပါတယ်။ အဲ့လိုတင်သွင်းတဲ့အခါ ပြည်ပကနေတင်သွင်းတဲ့ ပစ္စည်းတွေကို အရင်ထက်စာရင် တင်သွင်းခွင့် လိုင်စင်လျှောက်ရတာတွေက ကြန့်ကြာတယ်၊ ပြီးတော့ မှာတဲ့အခါ ၁လလောက်နဲ့ ရောက်ရမယ့် ပစ္စည်းတွေက ၃လ ၄လလောက်ကြာတာမျိုးတွေကြုံရပါတယ်။ ပစ္စည်းလုံးဝပြတ်သွားတာမျိုးတော့ မကြုံရသေးပါဘူး"ဟု ရန်ကုန်မြို့တွင်း ကျောင်းသုံးပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှ သိရသည်။

 

ယခုကျောင်းဖွင့်ရာသီတွင် ပုံမှန်ထက်ပိုသော ရောင်းဝယ်မှုမျိုးနှင့် ကြုံနေရပြီး ကျောင်းဖွင့်ရာသီမရောက်သေးသည့် ကာလများတွင်လည်း ရုံးဝန်ထမ်းများ၊ သင်တန်းသားများကြောင့် ပုံမှန်ရောင်းအားရှိနေကြောင်း ရောင်းချသူများထံမှ တစ်ဆင့်သိရသည်။

photo credit : facebook

ygm/NN
#Yangon_Media_Group