#LocalNews
Published - 31 Jan 2022

ဧရာဝတီမြစ် မန္တလေးရေအမှတ်သည် ဇန်နဝါရီ ၃၁ ရက် တိုင်းထွာချက်များအရ ၂၆၉ စင်တီမီတာ သာရှိပြီး ရေနည်းမှတ်ဖြစ်သော ၃၆၀ စင်တီမီတာအောက် လျော့ကျလျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြစ်ရေဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမ ၁၀ ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေ တစ်ဝက်ခန့် ကျဆင်းနိုင်ပြီး မန္တလေးမြိုရဲ့ ရေနည်းသတိပေးအမှတ် ၃၆၀ စင်တီမီတာအောက်မှာ ဆက်လက်တည်ရှိ နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ဖေဖော်ဝါရီလအတွင်း အနိမ့်ဆုံးရေနည်းမှတ် ၃၀၂ စင်တီမီတာအထိ လျော့နည်းခဲ့ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းအတွင်း အနိမ့်ဆုံးရေအမှတ် ၂၉၄ စင်တီမီတာအထိ လျော့နည်းခဲ့ဖူးပါတယ်။

ယခုကဲ့သို့ ရေနည်းကာလတွင် နှစ်စဉ်မြစ်ကြောင်း အသုံးပြု သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအတွက် ရေလမ်းကြောင်း အခက်အခဲ ဖြစ်ပေါ်လေ့ရှိရာ မြစ်အတွင်းသွားလာတဲ့ ရေယာဉ်တွေအနေနဲ့ ရေလမ်းကြောင်းတွင် သောင်တင်ခြင်း မဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာဌာနတွေရဲ့ လမ်းညွှန်ချက်အတိုင်း ကုန်စည်တင်ဆောင် သွားလာကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ymg/ei
#Yangon_Media_Group