Published_ 25 March 2024

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ( ၂၀၂၄ - ၂၀၂၅ ) ပညာသင်နှစ်အတွက် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ MBA၊EMBAတန်းများအပါအဝင်မဟာဘွဲ့သင်တန်း (၁၀) ခုနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၂) ခုအတွက် ဝင်ခွင့်လျှောက်လွှာများကို လာမည့် မတ်လ ၂၈ ရက်၌ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။  

 လျှောက်ထားနိုင်သော မဟာဘွဲ့သင်တန်းများမှာ

၁။ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Business Administration - MBA)

၂။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Public Administration - MPA) Online သင်တန်း 

၃။ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (Master of Development Studies - MDevS) Online သင်တန်း 

၄။ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Master of Banking and Finance - MBF) Online သင်တန်း 

၅။ အသုံးချစာရင်းအင်းပညာမဟာဘွဲ့ (Master of Applied Statistics - MAS) Online သင်တန်း

၆။ ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Marketing Management - MMM) Online သင်တန်း 

၇။ ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Hospitality and Tourism Management - MHTM) Online သင်တန်း 

၈။ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (Executive Master of Business Administration - EMBA) 

၉။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Executive Master of Public Administration - EMPA)(Online သင်တန်း)

၁၀။ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (Executive Master of Development Studies - EMDevS) (Online သင်တန်းတို့ဖြစ်သည်။

ယင်းအပြင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအနေဖြင့်

၁။ သုတေသနပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Research Studies - PGDRS) Online သင်တန်း

၂။ ဈေးကွက်ဆိုင်ရာစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Marketing Management - PGDMM) Online သင်တန်းတို့ကိုဖွ င့်လှစ်မည်ဟုဆိုသည်။

အဆိုပါ မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအနေဖြင့် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

 အခြားတက္ကသိုလ်တစ်ခုခုတွင် သင်တန်းတစ်ခုခုကို တစ်ပြိုင်တည်း တက်ရောက်နေသူ မဖြစ်စေရ။
 သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။

 သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲနှင့် လူတွေ့ အကဲဖြတ်စစ်ဆေးခြင်းတို့ကို လူကိုယ်တိုင် လာရောက်ဖြေဆိုအောင်မြင်သူဖြစ်ရမည်။

 Executive တန်းများအတွက် (၁-၇-၂၀၂၄) ရက်နေ့တွင် အသက် (၃၀) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
 MBF (Online) သင်တန်းအတွက် ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်တစ်ခုခုတွင် လုပ်ငန်းခွင် အတွေ့အကြုံ လုပ်သက်အနည်းဆုံး (၂) နှစ်ရှိပြီး (၁-၇-၂၀၂၄) ရက်နေ့တွင် အသက် (၂၅) နှစ် ပြည့်ပြီးသူဖြစ်ရမည်။ 

 MAS (Online) သင်တန်းအတွက် လုပ်ငန်းခွင် လုပ်သက်အနည်းဆုံး (၂) နှစ်နှင့် (၁-၇-၂၀၂၄) ရက်နေ့တွင် အသက် (၂၅) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ Computing Skills တတ်ကျွမ်းသူ ဖြစ်ရမည်။
 
MMM (Online) သင်တန်းအတွက် ဈေးကွက်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းခွင် (အလယ်အလတ်အဆင့်စီမံခန့်ခွဲမှု) အတွေ့အကြုံ လုပ်သက်အနည်းဆုံး (၂) နှစ်ရှိပြီး (၁-၇-၂၀၂၄) ရက်နေ့တွင် အသက်(၂၅) နှစ် ပြည့်ပြီးသူဖြစ်ရမည်။ 
 
MHTM (Online) သင်တန်းအတွက် ဧည့်ဝတ်နှင့်ခရီးသွားလာရေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းခွင် (အလယ် အလတ်အဆင့်စီမံခန့်ခွဲမှု) အတွေ့ အကြုံလုပ်သက် အနည်းဆုံး (၂) နှစ်ရှိပြီး (၁-၇-၂၀၂၄) ရက်နေ့တွင် အသက် (၂၅) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
 
EMBA သင်တန်းအတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၈) နှစ် ရှိရမည်ဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level (စီမံခန့်ခွဲမှုအဆင့်) လုပ်သက်အနည်းဆုံး (၈) နှစ် ရှိရမည်။
 
EMPA နှင့် EMDevS (Online သင်တန်း) အတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက် အနည်းဆုံး (၂) နှစ်ရှိရမည်ဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level (စီမံခန့်ခွဲမှု အဆင့်) လုပ်သက် (၂) နှစ် ရှိရမည် ဖြစ်ပြီး 
 
သင်တန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို အောက်ဖော်ပြပါ ဌာနများတွင် သတ်မှတ်ရက်အတွင်း တင်သွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။
 
 ၁။MBA (ပုံမှန်) , EMBA(ပုံမှန်) လျှောက်လွှာတင်ရမည့်ရက် - (၂၈-၃-၂၀၂၄ မှ ၂၃-၅-၂၀၂၄) 
ရေးဖြေဖြေဆိုရမည့်ရက် - (၂၆-၅-၂၀၂၄) တနင်္ဂနွေနေ့ ဆက်သွယ်ရမည့်ဖုန်း - (၀၁ ၈၆၆၄၆၈၄) - လှိုင်နယ်မြေ

၂။ MPA(Online) , EMPA(Online)
လျှောက်လွှာတင်ရမည့်ရက် - (၃-၄-၂၀၂၄ မှ ၁၄-၆-၂၀၂၄) ရေးဖြေဖြေဆိုရမည့်ရက် - (၁၅-၆-၂၀၂၄) (၁၆-၆-၂၀၂၄) 
 
၃။ MDevS(Online) , EMDevS(Online)
လျှောက်လွှာတင်ရမည့်ရက် - (၂၈-၃-၂၀၂၄ မှ ၂၁-၆-၂၀၂၄)ရေးဖြေဖြေဆိုရမည့်ရက် - (၂၃-၆-၂၀၂၄) 

၄။ MBF , MHTM , MMM (Online) 
လျှောက်လွှာတင်ရမည့်ရက် - (၂၈-၃-၂၀၂၄ မှ ၆-၆-၂၀၂၄) ရေးဖြေဖြေဆိုရမည့်ရက် - (၂၃-၆-၂၀၂၄)
 
၅။ MAS(Online)
လျှောက်လွှာတင်ရမည့်ရက် - (၆-၅-၂၀၂၄ မှ ၂၆-၇-၂၀၂၄) ရေးဖြေဖြေဆိုရမည့်ရက် - (၂၈-၇-၂၀၂၄) 

၆။ PGDRS (Online) 
လျှောက်လွှာတင်ရမည့်ရက် - (၂၈-၃-၂၀၂၄ မှ ၂၃-၅-၂၀၂၄)
ရေးဖြေဖြေဆိုရမည့်ရက် - ၂၇-၅-၂၀၂၄ 

၇။ PGDMM (Online) 
လျှောက်လွှာတင်ရမည့်ရက် - (၂၈-၃-၂၀၂၄ မှ၂၈-၆-၂၀၂၄)ရေးဖြေဖြေဆိုရမည့်ရက် - ၈-၇-၂၀၂၄(တနင်္လာနေ့)တို့ဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group