#Local_News
Published_ 20 May 2023

မွန်ပြည်နယ်၊ မုဒုံမြို့တွင် နေစရာအခက် အခဲဖြစ်နေ၍ နေစရာနေရာပေးကာ အိမ်ပေါ်ခေါ်တင်ထားသူက အိမ်ရှင်ကိုပေါက်ချွန်း နှင့်ခုတ်ပြေးသွားကြောင်း
ဇီဝိတအလင်းဖောင်ဒေးရှင်းက သိရသည်။

မုဒုံမြို့၊ မြို့မ ၄ရပ်ကွက်၊ စိန်ချယ်(၁၅) လမ်းနေ အသက် ၃၄နှစ်အရွယ် ကို ထွန်းထွန်းဝင်းသည် လွန်ခဲ့သော ၁၀ရက် ခန့်က ဧရာဝတီတိုင်းကနေထိုင်ရန် အခက်အခဲဖြစ်နေသူအမျိုးသားကို မိမိအိမ်တွင် နေထိုင်ရန်ခေါ်တင်ထားစဉ် မေလ၁၉ရက် ညနေ ၅နာရီခန့်က အိမ်ရှင်အိပ်ပျော်နေခိုက် လည်ပင်းကို ပေါက်ချွန်းဖြင့် ခုတ်၍ထွက်ပြေးခဲ့ကြောင်း သိရသည်။

"လူနာကလည်ပင်းခုတ်ထွင်းပွင့်ထွက်ဒဏ်ရာရရှိခဲ့လို့ သွေးတွေထပ်မထွက်အောင် အပွင့်ဒဏ်ရာကိုပိတ်ပြီး ဆေးရုံကို ပို့ပေးခဲ့ရတယ်။အိမ်ရှင်ကို ပေါက်ချွန်းနဲ့ခုတ်တဲ့အမျိုးသားကတော့ ထွက်ပြေးသွားပါတယ်"ဟု ယင်းအသင်းက သိရသည်။

ပေါက် ချွန်းဖြင့်ခုတ္ခံရသူလူနာအမိုးသားကို မုဒုံမြို့ျပည်သူ့ဆေးရုံသို့ ဇီဝိတအလင်းဖောင်ဒေးရှင်းအရေးပေါ်ရေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ပြီး ယင်းမှတစ်ဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ကျန်ရှိသည့် ကိစ္စရပ်များကို သက်ဆိုင် ရာမှတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
#ymg/pl
#YMG #Yangon_Media_Group