#LocalNews
Published 31 March 2023

လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ဖောက်ခွဲဖျက်ဆီးခံရသည့်အကြိမ် (၂၂၇ ကြိမ်) ရှိနေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက် က ၂၃၀ ကေဗွီ သထုံ - မော်လမြိုင် ဓာတ်အားလိုင်း တာဝါတိုင် (၂) တိုင်ကို မိုင်းခွဲဖောက်ခွဲဖျက်ဆီးမှုနှင့် ဆိုပါက ၂၂၇ ကြိမ် ရှိနေခြင်း ဖြစ်ကြောင်း၊ အများပြည်သူ လျှပ်စစ် ရရှိစေရေးအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသော်လည်း ယခုကာလများတွင် လုံလောက်အောင် ဖြည့်ဆည်းပေး နိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူး နေရကြောင်းလည်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတ်လ ၂၇ ရက်က မော်လမြိုင်သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် ဓာတ်အား (၈၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားချိတ်ဆက် ဖြန့်ဖြူး ပေးလျက်ရှိသည့် ၂၃၀ကေဗွီ သထုံ - မော်လမြိုင် ဓာတ်အားလိုင်း၏ သထုံမြို့ နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိချောင်းအနီးရှိ တာဝါတိုင်(၂)တိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြရာ တာဝါတိုင် (၁) တိုင်မှာ ပြိုလဲခဲ့ပြီး၊ တာဝါတိုင် (၁) တိုင်မှာ အောက်ခြေခြေထောက် (၁) ချောင်း ပျက်စီးခဲ့ကြောင်း၊ ယင်းကြောင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျှက်ရှိသည့် ဓာတ်အား (၈၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရကြောင်း သိရသည်။

ymg/mt
#လျှပ်စစ်ဓာတ်အားလိုင်း #ဖောက်ခွဲဖျက်ဆီး
#YMG #Yangon_Media_Group