#LocalNews

Published_ 26 March 2023

မတ်လ ၂၆ ရက်နေ့ ည ၇နာရီ၀န်းကျင်ခန့်က ပဲခူးရွှေမော်တောဘုရားပွဲကျင်းပအတွင်းမှ ပင်လယ်ဓားပြ ရဟတ်စင်ပြုတ်ကျမူဖြစ်ပွားခဲ့ကြောင်း တူညီရှင်မေတ္တာရှင်ပရဟိတအသင်းမှသိရသည်။

ရဟတ်စင်ပြုတ်ကျမူကြောင့် လူငယ်အမျိုးသမီး တချို့အပါအ၀င် လူ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအသင်းတာ၀န်ခံက YMG ကိုပြောသည်။

အဆိုပါထိခိုက်ဒဏ်ရာရရှိသူ လူနာ ၁၁ ဦးကို ပဲခူးမြို့ဆေးရုံကြီးပို့ဆောင်ပေးခဲ့ကြောင်း တူညီမေတ္တာပရဟိတအသင်း မှသိရသည်။

ymg/ynzw
#Yangon_Media_Group