#LocalNews
Published_ 27 March 2023
အင်းလေးဒေသ၌ ရေပေါ်သင်္ကြန်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကသိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ နန်းပန်ကျေးရွာအနီးရှိ ရေပြင်တွင် ၂၀၁၉ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် စတင်ကျင်းပခြင်းဖြစ်ပြီး၊ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်လေ့ရှိကြောင်း သိရသည်။

ကိုဗစ်ကာလအလွန်ယခုနှစ်မှပြန်လည်ကျင်းပခြင်းဖြစ်ရာ ပွဲတော်စည်ကားနိုင်သော်လည်းခရီးသွားဝင်ရောက်မှု နည်းပါးနိုင်ကြောင်းခရီးသွားလုပ်ငန်းရှင်အသင်းကခန့်မှန်းထားသည်။

ရေပေါ်သင်္ကြန်ပွဲတော်တွင် အင်းလေးကန်ရေပြင်ပေါ်၌ လှေသမ္ဗန်များ၊ ဖောင်များဖြင့် အတာရေ စင်ပက်ဖြန်းကြမည့် ရေပေါ်သင်္ကြန်ပွဲ၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ယိမ်းအကအလှများနှင့် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲအစီအစဉ်များ အစရှိသည့် အစီအစဉ်များပါဝင်ပြီး မဟာသင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ymg/ppk
#Yangon-Media-Group