#Sports_News
Published - 19 March 2023

 

မြန်မာ့လက်ရွေးစင် အသင်းသည် ရှမ်းယူနိုက်တက်အသင်းမှ မြတ်ကောင်းခန့်အား ထပ်မံအားဖြည့် ခေါ်ယူခဲ့ပြီး  ပြည်တွင်းကစားသမားများဖြင့် မတ် ၁၈ ရက် ညပိုင်းတွင် လေ့ကျင့်မှု စတင်ခဲ့ပါတယ်။

 

အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့် ခြေစမ်းပွဲများအတွက် ပြည်တွင်းကစားသမားများပါဝင်သော လက်ရွေးစင်အသင်း ပထမအသုတ်သည် မနက်ဖြန် မတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ထိုင်းလိဂ်မှ မြန်မာ့လက်ရွေးစင် ကစားသမားများသည် ဒုတိယအသုတ်အနေဖြင့် မတ်လ ၂၀ ရက်တွင် ဘန်ကောက်မြို့မှ ထွက်ခွာလာမှာ ဖြစ်ပါတယ်။

 

လိဂ်ပွဲစဉ်များကြောင့် ထိုင်း၊ မလေးရှား တို့မှ လက်ရွေးစင် ကစားသမားများသည် ရန်ကုန်မြို့တွင် လာရောက်ပူးပေါင်း လေ့ကျင့်နိုင်ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံသို့ ရောက်ရှိမှသာ အသင်းနှင့်အတူတကွ လေ့ကျင့်မှုပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။

 

မတ်လ ၂၁ ရက်နေ့တွင် မြန်မာ့လက်ရွေးစင်အသင်း လူစုံလေ့ကျင့်မှုပြုလုပ်ပြီးနောက် မတ်လ ၂၂ ရက်တွင် အိန္ဒိယ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ စတင်ကစားမည်ဖြစ်သည်။ ယင်းနောက် ဒုတိယ ခြေစမ်းပွဲအဖြစ် ကာဂျစ္စတန်အသင်းနှင့် မတ်လ ၂၅ ရက်တွင် ဆက်လက်ခြေစမ်းမှာ ဖြစ်ပါတယ်။

#Yangon_Media_Group