#Local_News
Published-16 March 2023

 

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၂၆၀၅ နှစ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ ၃၀ ရက်မှ ဧပြီလ ၈ရက်အထိ ၁၀ ရက်တိတိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့က သိရသည်။

 

မတ်လ ၃၀ ရက်တွင် သြဝါဒါစရိ ယဆရာတော်ကြီးက ပရိတ်တရားတော်နာယူပြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကိုကျင်းပသွားမည်ဖြစ်ပြီး ဧပြီလ ၃ရက် နံနက် ၅ နာရီတွင် ရွှေမောဓောစေတီတော်မြတ်ကြီးအား အနေကဇာတင်၍ တစ်နေ့တာ ပဠာန်းရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ဧပြီလ ၄ ရက်တွင် နံနက် ၅ နာရီတွင် ဆွမ်းတော်ကြီးတင်လှူပူဇော်၍ ညနေ ၃ နာရီတွင် ပင့်သံဃာတော်အပါး ၅၀၀ အားဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ကာ ဧပြီလ ၉ ရက် နံနက် ၆ နာရီ၌ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒဆရာတော်ကြီးများမှလှူဒါန်းမှုအစုစုအတွက် အမျှပေးဝေရေစက်ချ၍ ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်ကျင်းပမည့် ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာထုတ်ကုန် ပစ္စည်းများရောင်းချခြင်းအပြင် ပျော်ပွဲရွှင်ပွဲများပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #ပဲခူးရွှေမော်ဓော #ဗုဒ္ဓပူဇနိယပွဲတော်
#YMG #Yangon-Media-Group