#World_Health
Published 24 November 2023 


ကလေးတွေရဲ့ အစောပိုင်းသက်တမ်းမှာ မြေပဲကိုထည့်သွင်းပြီး စားသုံးစေပါက မြေပဲဓာတ်မတည့်တဲ့ အခြေအနေ ကင်းဝေးစေရန် အထောက်အကူ ဖြစ်နိုင်ကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။ 

 

မြေပဲဓာတ်မတည့်တဲ့ ရောဂါဟာ အသက်အန္တရာယ်ပါ ဖြစ်စေပြီး ကမ္ဘာတဝှမ်းက ကလေးအများအပြားမှာ ဖြစ်ပွားနေပါတယ်။ 

 

မွေးကင်းစကလေးတွေနဲ့ ကလေးငယ်တွေမှာ မြေပဲထုတ်ကုန်များကို ဖြည်းဖြည်းချင်း တိုးမြှင့်ကျွေးမွေးခြင်းဖြင့် ဓာတ်မတည့်မှုကို ပိုမိုခံနိုင်ရည် ရှိလာနိုင်တယ်လို့ သုတေသီများ တွေ့ရှိခဲ့ပါတယ်။ 

 

အသက် ၃ နှစ်အောက် မြေပဲဓာတ်မတည့်တဲ့ ကလေး ၁၄၆ ဦးကို ၂ နှစ်ခွဲကြာတဲ့အထိ လေ့လာခဲ့ပါတယ်။ 

 

ထိုထဲကမှ ၉၆ ယောက်ကို နေ့စဥ် မြေပဲပရိုတိန်းမှုန့်များ ကျွေးပြီး ဖြည်းဖြည်းချင်းနဲ့ မြေပဲ ၆ တောင့်နဲ့ ညီမျှတဲ့အထိ စားသုံးစေခဲ့ပါတယ်။ 

 

ကျန်တဲ့ကလေးတွေကိုတော့ အာနိသင်မပါတဲ့ အုတ်စပါးမှုန့်တွေ စားသုံးစေခဲ့ပါတယ်။ 


မြေပဲမှုန့်စားသုံးခဲ့တဲ့ ကလေးတွေထဲက အယောက် ၂၀ ဟာ လေ့လာချက်အပြီး ၆ လအကြာမှာ မြေပဲဓာတ်မတည့်ခြင်း မဖြစ်ပွားခဲ့ပါဘူး။ 

 

ထိုကလေးတွေဟာ မြေပဲ ၁၆ တောင့်စာညီမျှတဲ့ ပမာဏကို ခံနိုင်ရည်ရှိလာပါတယ်။ 

 

နောက်ထပ် အယောက် ၂၀ ကတော့ ဓာတ်မတည့်မှုဒဏ် ခံနိုင်ရည်မြင့်မားပေမယ့် လုံးဝမဖြစ်တာတော့ မဟုတ်ပါဘူး။ 

 

ထိုကလေးတွေကတော့ မြေပဲ ၆ တောင့်မှ ၁၂ တောင့်အထိ ညီမျှတဲ့ပမာဏကို ခံနိုင်ရည်ရှိပါတယ်။ 

 

လေ့လာချက်ထဲက အသက်အငယ်ဆုံးကလေးတွေက ဓာတ်မတည့်ခြင်းမျိုး မဖြစ်တာ အများဆုံးဖြစ်နေပြီး အသက် ၁၂ လအောက်တွေမှာ ရလဒ်အကောင်းဆုံး ဖြစ်နေပါတယ်။ 

 

ဒါကြောင့် အစောဆုံး အသက်အရွယ်မှာ ကုသထားခြင်းက အကောင်းဆုံးဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ 

 

အနောက်နိုင်ငံတွေမှာ မြေပဲဓာတ်မတည့်ခြင်းက ၂ ရာခိုင်နှုန်းသော ကလေးတွေမှာ တွေ့ရပြီး တသက်လုံး ခံစားရတတ်ပါတယ်။ 

 

မြေပဲစားသုံးလို့မရဘဲ မတော်တဆထိတွေ့မိရင်တောင် အသက်ဆုံးပါးနိုင်သည်အထိ အန္တရာယ်ရှိပါတယ်။ 

 

ဒီအတွက် ကုသနည်းလမ်းမရှိသလို မြေပဲနဲ့ မထိတွေ့မိစေရန် အမြဲတမ်းစောင့်ရှောက်နေရတတ်ပါတယ်။ 

 

ယခင်လေ့လာမှုတွေမှာလည်း ထိုကဲ့သို့ရလဒ်များ ထွက်ပေါ်ခဲ့ပေမယ့် ယခုလေ့လာချက် အချိန်ကာလက ထူးခြားနေခဲ့ပါတယ်။ 

 

#World_Health #မြေပဲဓာတ်မတည့်ခြင်း #မြေပဲထည့်သွင်းကျွေးမွေးသင့် #Source: DoctorNDTV