#World_News
Published 07 May 2024
▪️ ဂါဇာအရေးနဲ့ ပတ်သက်ပြီး ကြားဝင်စေ့စပ်သူများမှ တင်ပြတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တစ်ရပ်ကို ပါလက်စ်တိုင်း စစ်သွေးကြွဟားမတ်စ်အဖွဲ့က တနင်္လာနေ့မှာ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အစ္စရေးလ်တို့ကတော့ ထိုအဆိုပြုချက်ထဲက အချက်အလက်တွေဟာ ယင်းတို့လိုချင်တဲ့ အချက်တွေနဲ့ မကိုက်ညီဘဲ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်နေစဉ်မှာပဲ ရာဖာကို ဆက်လက်ဖိအားပေး တိုက်ခိုက်နေဦးမယ်လို့ ဆိုပါတယ်။
▪️ ၇ လသက်တမ်းကြာလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိလာပေမယ့် အစ္စရေးလ်တပ်တွေက ဂါဇာတောင်ဘက်ခြမ်းရှိ ရာဖာကို လေကြောင်းနဲ့ မြေပြင်တို့ကနေ တိုက်ခိုက်နေကာ အရပ်သားတွေကို ထွက်ပြေးခိုင်းထားပါတယ်။
▪️ အပစ်အခတ် ရပ်စဲရေး အဆိုပြုကမ်းလှမ်းချက်က အစ္စရေးလ်လိုချင်တာတွေနဲ့ မကိုက်ညီပေမယ့် သဘောတူညီချက် ရရှိဖို့ ညှိနှိုင်းဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
▪️ ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ကြား ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ကိုယ်စားလှယ်အဖွဲ့ကို ကိုင်ရိုသို့ စေလွှတ်သွားမယ်လို့ ဆိုပါတယ်။
▪️ အစ္စရေးလ်အစိုးရအဖွဲ့မှ ထုတ်ပြန်တာမှာ ရာဖာမှာ စစ်ဆင်ရေး ဆက်လက်ပြုလုပ်သွားဖို့ကို ဝန်ကြီးများအဖွဲ့က အသိအမှတ်ပြုလိုက်တယ်လို့ သိရပါတယ်။
▪️ အစ္စရေးလ်ဘက်က စစ်ပွဲအပြီးသတ် ရပ်စဲရေးကတိမပေးဘဲ ဓားစာခံတွေ ထပ်မံလွှတ်ပေးဖို့ကို ဟားမတ်စ်တို့က ငြင်းဆိုထားရာ သဘောတူညီချက် အသစ်တစ်ခုရဖို့ ကြိုးပမ်းလာရတာ ဖြစ်ပါတယ်။
▪️ ယခုအဆိုပြုချက်က ဟားမတ်စ်တို့ အလိုရှိတဲ့အတိုင်း ဂါဇာမှာ ပြန်လည်တည်ဆောက်ရေး၊ စစ်ဘေးရှောင် ပါလက်စ်တိုင်းအရပ်သားများ ပြန်လည်နေရာချထားရေး၊ အစ္စရေးလ်ဓားစာခံများကို အစ္စရေးလ်အကျဉ်းထောင်များရှိ ပါလက်စ်တိုင်း အကျဉ်းသားများနဲ့ လဲလှယ်ရေးတို့နဲ့ ကိုက်ညီနေပါတယ်။
▪️ ရာဖာမှာ ဟားမတ်စ်တိုက်ခိုက်ရေးသမား အများအပြားအပြင် ဓားစာခံဒါဇင်ခန့် ရှိနေမယ်လို့ အစ္စရေးလ်တို့က ယုံကြည်နေကာ အောင်ပွဲရရေးမှာ ထိုမြို့ကိုသိမ်းယူဖို့က အဓိကကျတယ်လို့ ဆိုထားပါတယ်။
▪️ အစ္စရေးလ်ရဲ့ အနီးစပ်ဆုံးမဟာမိတ် အမေရိကန်က ရာဖာကို အစ္စရေးလ်တိုက်ခိုက်မှာ စိုးရိမ်နေပြီး အရပ်သားကာကွယ်ရေး အစီအစဉ်တွေ မရှိဘဲနဲ့ မတိုက်ရဘူးလို့ မှာကြားထားပါတယ်။
#Source: Reuters
- Category: World
- Hits: 46
Published 07 May 2024
မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေသားရဲ့ မျက်နှာပုံသဏ္ဍာန် ဖြစ်ပေါ်ပုံက မျိုးဗီဇတင်မကဘဲ ဖိအားသက်ရောက်မှုနဲ့လည်း သက်ဆိုင်နေတယ်လို့ UCL မှသုတေသီများက ဆိုပါတယ်။
လေ့လာချက်ထဲမှာ ကြွက်နဲ့ဖား သန္ဓေသားတွေတင်မက ဓာတ်ခွဲခန်းထုတ် လူသားသန္ဓေသားဆဲလ်တွေပါ စမ်းသပ်ခဲ့ကြပြီး ပုံမှန်ထက်ဖိအားများခြင်းက မျက်နှာဖြစ်ပေါ်ပုံကို ထိခိုက်စေကြောင်း တွေ့ရှိဖော်ပြခဲ့ကြပါတယ်။
ဖိအားကွာခြားမှုတွေက မျက်နှာသွင်ပြင် ပုံမမှန်ခြင်း ဖြစ်နိုင်ခြေ များစေတယ်လို့ ယူဆရပါတယ်။
ကလေးငယ်ရဲ့ ဦးခေါင်း၊ မျက်နှာရိုးတွေက ပူးသွားတာမျိုး၊ ပုံမှန်မဟုတ်တာမျိုး ဖြစ်ပေါ်ပြီး မျက်နှာမှာ ပုံပျက်သွားတဲ့ လက္ခဏာ ဖြစ်ပါတယ်။
မျက်နှာပုံသဏ္ဍာန် ဖြစ်ပေါ်စေတဲ့ ဆဲလ်တွေက ဖိအားများတဲ့ဒဏ်ကို ခံစားရတာ ဖြစ်ပါတယ်။
ပြင်ပရော အတွင်းမှာပါ ဖိအားပြောင်းလဲသွားခြင်းက သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပုံကို နားလည်ရန် လိုအပ်တယ်လို့ ပရော်ဖက်ဆာ မိုင်ယာက ပြောပြသွားပါတယ်။
ထိုတွေ့ရှိချက်တွေက ပင်မစတမ်းဆဲလ် သုတေသနကိုလည်း သက်ရောက်လာနိုင်ပါတယ်။
ပင်မစတမ်းဆဲလ် ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်ချက်တွေကို ဖိအားက သက်ရောက်နေတာကြောင့် ဆေးဘက်ဆိုင်ရာကိစ္စတွေမှာ ဘယ်လိုအသုံးပြုမလဲဆိုတာ ပြောင်းလဲလာနိုင်ပါတယ်။
Source: India Today
#World_Science
#Published_07 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: World
- Hits: 75
Published 07 May 2024
ကိုဗစ်-၁၉ မျိုးဗီဇကွဲအသစ်ဖြစ်တဲ့ FLiRT အမျိုးအစားဟာ အမေရိကန်မှာ ပျံ့နှံ့နေပါတယ်။
ယင်းတို့ဟာ အိုမီခရွန်မျိုးဗီဇကွဲရဲ့ မျိုးနွယ်ဖြစ်သလို JN.1 ရဲ့မျိုးဆက်လည်း ဖြစ်ပါတယ်။
ယခုမျိုးဗီဇကွဲထဲမှာမှ KP.2 က အလွန်စိုးရိမ်စရာ ဖြစ်လာပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေး (CDC)ရဲ့ အချက်အလက်များအရ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ကူးစက်မှုအသစ်တွေထဲမှာ KP.2 က ၂၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့ သိရပါတယ်။
FLiRT မျိုးဗီဇကွဲတွေနဲ့ ပတ်သက်ပြီး သုတေသီများ ထပ်မံလေ့လာနေဆဲ ဖြစ်ပါတယ်။
လက်ရှိ အမေရိကန်မှာ KP.2 က ပျံ့နှံ့နေပေမယ့် နောက်လတွေမှာလည်း အဓိကကူးစက်မှုကြီး ဖြစ်လာမလားဆိုတာတော့ ပြောလို့မရသေးပါဘူး။
KP.2 နဲ့ဆက်စပ်မျိုးဗီဇကွဲတွေက ကူးစက်မှုလှိုင်းကြီးတွေလောက်တော့ မဖြစ်နိုင်ပါဘူး။
ကိုဗစ်ကြောင့် ဆေးရုံတက်ကုသရမှုနဲ့ အသက်ဆုံးပါးခြင်းတို့ကို ကာကွယ်ဆေးတွေက ကာကွယ်နိုင်ဆဲ ဆိုပေမယ့် အကြိုလေ့လာချက်များအရ FLiRT မျိုးဗီဇကွဲတွေဟာ ကာကွယ်ဆေးရဲ့ အာနိသင်ကို ပိုမိုရှောင်ရှားနိုင်ဖွယ် ရှိနေပါတယ်။
ဗိုင်းရပ်စ်က ဘယ်လိုပဲ ဗီဇပြောင်းပြောင်း ပြည်သူ့ကျန်းမာရေး လမ်းညွှန်ချက်တွေကတော့ ယခင်အတိုင်း ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
Source: WION
#World_Health
#Published_07 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: World
- Hits: 757
လကမ္ဘာအဝေးဖက်ခြမ်းမှ ပထမဦးဆုံးသော နမူနာများ ရယူပြန်ပို့မယ့် ချန်ဂယ်-၆ လကမ္ဘာစူးစမ်းရေးယာဥ်ကို တရုတ်က သောကြာနေ့မှာ လွှတ်တင်လိုက်ပါတယ်။
Long March-5 Y8 တင်ဆောင်ရေးဒုံးပျံထိပ်မှာ တပ်ဆင်ထားတဲ့ စူးစမ်းရေးယာဥ်ဟာ တရုတ်တောင်ပိုင်း ဟေနန်ပြည်နယ်ရှိ ဝမ်ချန်အာကာသယာဥ် လွှတ်တင်ရေးစခန်းကနေ ပေကျင်းစံတော်ချိန် ညနေ ၅ နာရီ ၂၇ မိနစ်မှာ ပစ်လွှတ်လိုက်ပြီး လကမ္ဘာတာဝန်ကို ၅၃ ရက်ကြာ ထမ်းဆောင်မှာ ဖြစ်ပါတယ်။
#World_Science
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: World
- Hits: 31
#Daily_News
Published_06 May 2024
၁။ နေပြင်းတာနှင့် မိုးလေလွတ်အောင် အင်းလေးဒေသကို ခရီးသွားများ မနက်စောစောလာလည်စေချင်ဟုဆို
၂။ တဟုန်ထိုး စျေးမြင့်တက်ခဲ့သည့် ဒဂုံမြို့သစ်လေးမြို့နယ်ရှိ အိမ်ခြံမြေစျေးကွက် ဈေးအနည်းငယ်ပြန်ကျလာ
၃။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၁၀ရာခိုင်နှုန်း မှ ၅၀ရာခိုင်နှုန်းအထိ မြင့်တက်နေ
၄။ လကမ္ဘာအဝေးဖက်ခြမ်း၏ နမူနာများရယူရန် ချန်ဂယ်-၆စူးစမ်းယာဥ်အား တရုတ်လွှတ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: Myanmar
- Hits: 29
Published 06 May 2024
အစ္စရေးလ်အစိုးရက မြို့တော်ဂျေရုဆလမ်မှာရှိတဲ့ ကာတာနိုင်ငံပိုင် အယ်လ်ဂျာဇီရာ တီဗီရုပ်သံဌာန လုပ်ငန်းလည်ပတ်မှုများကို ရုပ်သိမ်းရန် တနင်္ဂနွေနေ့က ဆုံးဖြတ်ခဲ့ပြီးနောက် အစ္စရေးလ်အာဏာပိုင်များဟာ အယ်လ်ဂျာဇီရာရုံးဌာနအဖြစ် အသုံးပြုနေတဲ့ ဂျေရုဆလမ်ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း အစ္စရေးလ်အရာရှိတစ်ဦးနဲ့ အယ်လ်ဂျာဇီရာ သတင်းရင်းမြစ်တစ်ဦးတို့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာ အရာရှိတွေက ဟိုတယ်အခန်းထဲက ကင်မရာပစ္စည်းတွေကို ဖြုတ်ပစ်နေကြပါတယ်။
အယ်လ်ဂျာဇီရာ ရုပ်သံဌာနဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုပြီး ဂါဇာစစ်ပွဲ ဆက်လက်ဆင်နွှဲနေသ၍ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူရဲ့ ဝန်ကြီးများအဖွဲ့က အဆိုပါရုပ်သံဌာနကို ပိတ်သိမ်းထားမှာ ဖြစ်ပါတယ်။
ထိုကဲ့သို့ ဝင်ရောက်စီးနင်းတာဟာ ရာဇဝတ်လုပ်ရပ်တစ်ခုဖြစ်ပြီး အစ္စရေးလ်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲတာဟာ လိမ်ညာမှုတစ်ခုသာဖြစ်ကာ သတင်းထောက်တွေ ဘေးအန္တရာယ် ရှိစေတယ်လို့ အယ်လ်ဂျာဇီရာက ပြောကြားလိုက်ကာ တရားရေးဆုံးဖြတ်ချက် အဆင့်ဆင့် ခံယူခွင့်ရှိတယ်လို့ ဆိုလိုက်ပါတယ်။
အစ္စရေးလ် ဆက်သွယ်ရေးဝန်ကြီးများက ချက်ချင်းရုပ်သိမ်းရန် ဆုံးဖြတ်ချက်ကို လက်မှတ်ထိုးခဲ့ပေမယ့် အယ်လ်ဂျာဇီရာအနေနဲ့ တရားရုံးမှာ ခုခံပိုင်ခွင့်ရှိနေသေးတယ်လို့ လွှတ်တော်အမတ်တစ်ဦးက ပြောပြပါတယ်။
ရုပ်သံဌာနကို ရုပ်သိမ်းရာမှာ အစ္စရေးလ်ရှိ အယ်လ်ဂျာဇီရာရုံးများကို ပိတ်သိမ်းခြင်း၊ ရုပ်သံလွှင့် ပစ္စည်းကိရိယာများ သိမ်းယူခြင်း၊ ကေဘယ်နဲ့ ဂြိုဟ်တုကုမ္ပဏီများထံမှ သတင်းချန်နယ်အား ဖြတ်တောက်ခြင်း၊ ဝက်ဘ်ဆိုက်များ ပိတ်ပင်ခြင်းများ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးလ်တို့က အယ်လ်ဂျာဇီရာကို ဖျက်သိမ်းဖို့ စနစ်ကျကျ တိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ အဆိုပါရုပ်သံဌာနက ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။
အစ္စရေးလ်တို့က အယ်လ်ဂျာဇီရာမှ သတင်းထောက်များကို ပစ်မှတ်ထားကာ ဂါဇာပဋိပက္ခအတွင်း ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခဲ့တယ်လို့ ဆိုလိုက်ကာ ဒါကိုအစ္စရေးလ်ဘက်မှ ငြင်းဆိုထားပါတယ်။
ကာတာက ၁၉၉၆ ခုနှစ်မှာ အယ်လ်ဂျာဇီရာကို စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနကလည်း ရုပ်သံဌာန ရုပ်သိမ်းရခြင်းကို ဝေဖန်လိုက်ပါတယ်။
ဟားမတ်စ်နိုင်ငံရေး ခေါင်းဆောင်အများအပြား ရှိနေတဲ့ ကာတာနိုင်ငံဟာ ဂါဇာစစ်ပွဲ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေးတို့မှာ ကြားဝင်စေ့စပ်ရန် ကြိုးပမ်းနေပါတယ်။
Source: Reuters.
#World_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
- Category: World
- Hits: 63
၆ မေ ၂၀၂၄
ထိုင်းနိုင်ငံ ဖူးကက်ရှိ ကလင်းကမ်းခြေမှာ ရေမကူးရလို့ အန္တရာယ်သတိပေးထားတဲ့ နေရာမှာ ရေဆင်းကူးမိတဲ့ မြန်မာ လူငယ်တစ်ဦး မေလ ၅ ရက် တနင်္ဂနွေနေ့က ရေနစ်သေဆုံးသွားခဲ့ရပါတယ်။
အသက် ၂၀ အရွယ်ရှိ မြန်မာလူငယ် နေမျိုးဇော်ဟာ ရေမကူးရ အနီရောင်အလံစိုက်ထားတဲ့ ကမ်းခြေနေရာမှာ သူ့သူငယ်ချင်းတွေနှင့်အတူ ရေကူးခဲ့ရင်း ရေနစ်သေဆုံးသွားတာဖြစ်တယ်လို့ ထိုင်းမီဒီယာများက သတင်းဖော်ပြကြပါတယ်။
မေလ ၅ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ၁၂နာရီ ၂၃ မိနစ်မှာ ဒေသအာဏာပိုင်တွေထံ အဆိုပါကိစ္စ အကြောင်းကြားချက် လက်ခံရရှိခဲ့ပါတယ်။
နေမျိုးဇော်ဟာ သူငယ်ချင်း (၃)ဦးနှင့်အတူ ကမ်းခြေကို အပန်းဖြေဖို့ရည်ရွယ်ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ဟာ ဂစ်တာတွေတီးပြီး အရက်သေစာသောက်စားခဲ့ကြပါတယ်။ ဒါပေမယ့် နေမျိုးဇော်နှင့် နောက်သူငယ်ချင်းတစ်ယောက်တို့ဟာ အန္တရာယ်အနီရောင်သတိပေးချက်ကို လျစ်လျူရှုပြီး ရေဆင်းကူးဖို့ ဆုံးဖြတ်ပြီးနောက် သူတို့ရဲ့ပျော်ရွှင်ဖွယ်ရာနေ့ကလေးဟာ ကြေကွဲစရာအဖြစ်ပြောင်းလဲသွားရပါတော့တယ်။
သူတို့နှစ်ဦးဟာ ရေထဲဆင်းလိုက်တာနှင့် ရေစီးက သူတို့ကိုဆွဲဆုတ်လိုက်ပြီး ပင်လယ်ထဲ ဆွဲချသွားတာကို သိလိုက်ကြရပါတယ်။ ပါတောင်သက်စောင့်အဖွဲ့တွေဟာ သိသိချင်းကယ်တင်ဖို့ကြိုးစားကြပါတယ်။ စပိဘုတ်ခ်ကိုမောင်းပြီး ရေနစ်နေသူတွေထံကယ်ဖို့ကြိုးစားကြပါတယ်။ တစ်ပြိုင်နက်တည်းလိုပဲ ကူဆိုဟမ်ဖောင်ဒေးရှင်းက ကယ်ဆယ်ရေးလုပ်သားတွေကလည်း အတူဝိုင်းပြီးကယ်ဆယ်ရေးမှာ ကူညီကြပါတယ်။
သူတို့ကြိုးစားပြီးကယ်ခဲ့ပေမယ့် ရေနစ်နေသူနှစ်ဦးထဲက တစ်ဦးကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ပျောက်ဆုံးနေတဲ့ နေမျိုးဇော်ကိုဆက်လက်ရှာဖွေခဲ့ကြပါတယ်။ မိနစ် ၂၀ လောက်အကြာမှာတော့ နေမျိုးဇော်ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို သူတို့ပြန်ရှာတွေ့ခဲ့ကြတယ်လို့ သတင်းများကရေးပါတယ်။
@ymg/knl
- Category: Myanmar
- Hits: 788