#Local_News
Published_ 27 April 2024

▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ နည်းပညာနှင့် ရန်ပုံငွေအကူအညီဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုမြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

▪️ ဧပြီလ (၂၃) ရက်နေ့ကတရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဌ Mr. ZHANG Xiaobin နှင့် အဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်း အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်တို့တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

 

▪️ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျှက်ရှိသော လူမှုကရုဏာလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး နှစ်နိုင်ငံကြက်ခြေနီအသင်းများ ပူးပေါင်းဆောင်ရွက်မည့် “ကျောင်းအခြေပြု ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းဆောင်ရည်များ တိုးမြှင့်ခြင်း” အစီအစဉ်အတွက် လုပ်ငန်းစီမံချက်များ၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ရှေးဦးပြုစုခြင်းသင်တန်းများဖွင့်လှစ်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ နည်းပညာနှင့် ရန်ပုံငွေအကူအညီဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။

 

▪️ အဆိုပါ တွေ့ဆုံပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပြည့်/ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌနှင့်အတူ Deputy Supervisor of the RCSC Ms. SONG Yi နှင့် အဖွဲ့ဝင် Mr. HAI Liman၊ Mr. YIN Zheng နှင့် Ms. CHENG Xiaoqing တို့လည်း တက်ရောက်ခဲ့သည်။

 

▪️ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဌနှင့်အဖွဲ့သည်  အသင်းရန်ကုန်ရုံးခွဲအတွင်း ကြည့်ရှုလေ့လာခဲ့ပြီး Central Hotel တွင် ဖွင့်လှစ်လျှက်ရှိသော “မူကြိုကျောင်းများမှ ဆရာ၊ ဆရာမများအတွက်စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း” သို့သွားရောက် ကြည့်ရှုလေ့လာခဲ့ပြီး

 

▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဌနှင့်အဖွဲသည် ဧပြီလ (၂၄) ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကြက်ခြေနီ အသင်းခွဲသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါက်တာဇော်ဌေးနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဌနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား တွေ့ဆုံခဲ့သည်။ 

 

▪️ ထို့နောက် ဒဂုံမြိုသစ်(မြောက်ပိုင်း) မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

▪️ ဆက်လက်၍ နေ့လည်ပိုင်းတွင် နိုင်ငံအတွင်း ပူးပေါင်းဆောင်ရွက်လျှက်ရှိသော မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများနှင့် အသင်းရန်ကုန်ရုံးခွဲ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

 

▪️ ဧပြီလ (၂၅) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ကူညီဆောင်ရွက်လျှက်ရှိသော ကြက်ခြေနီအခမဲ့ဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times