#Local_News
Published 27 February 2024


Bank of Chinaမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူ(၁‌၀၀)ဦးကို ယခုနှစ်အတွက်  ပညာသင်ထောက်ပံ့ကြေးများချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

 

Bank of China ၏ ပညာသင်ထောက်ပံ့ကြေးမံကိန်းကို ၂၀၂၂ ခုနှစ်တွင်စတင်ဖော်ဆောင်ခဲ့ပြီး နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ကျောင်း သူပေါင်းအယောက်(၁၀၀)ကို ပညာသင်ထောက်ပံ့ ကြေး ချီးမြှင့်ပေးခဲ့သည်။ 

 

ယခုနှစ်အတွက် Bank of China၏ ရန်ကုန်တက္က သိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရန်ကုန်မြိုတွင်ကျင်းပခဲ့သည်။

 

အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing က တရုတ်-မြန်မာ ငွေရေးကြေးရေးအဖွဲအစည်းနှင့် ကုမ္ပဏီများသည် ဆက်လက် နက်ရှိင်းစွာပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုး စီးပွားမြှင့်တင်ရေးတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ကြောင်း၊ လူငယ်ကျောင်းသား၊ ကျောင်းသူများသည်  နိုင်ငံတော် ဖွံဖြိုးတိုးတက်မှုတည်ဆောက်ရာတွင် လူတော်လူချွန်များဖြစ်လာစေရန် ကြိုးပမ်းလေ့လာသင်ယူပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် အဓိကအားအင်သစ်ဖြစ်လာရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ 

 

မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါက မြန်မာနိုင်ငံရှိ တရုတ်ဘဏ်များနှင့်ကုမ္ပဏီများက မြန်မာနိုင်ငံ လူမှုစီးပွားဖွံဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွအကျိုးထမ်းဆောင်ပေးမှုကို ချီးကျူးကြောင်း၊ Bank of China (ရန်ကုန်ဘဏ်ခွဲ) မှ တရုတ်ယွမ်ငွေဖြင့် ပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊  မြန်မာနိုင်ငံသား အလုပ်သမားများ၏ လစာငွေလွဲရေးကိစ္စအား စမ်းသပ်ဖြေရှင်းပေးမှု၊ လူမှုရေးပရဟိတလုပ်ငန်းဆောင်ရွက်ရာတွင်ပါဝင်သည့် အခန်းကဏ္ဍများ စသည်တိုကို များစွာချီးကျူးကြောင်း ပြောကြားခဲ့သည်။ ထိုပြင် ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်ချိုချိုနှင့် ကျောင်းသားကျောင်းသူကိုယ်စားလှယ်တိုမှလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့‌ကြောင်းသိရသည်။

 

#Local_News #Bank_of_China #ကျောင်းသားကျောင်းသူ(၁‌၀၀)ဦး #ပညာသင်ထောက်ပံ့ကြေးများချီးမြှင့် #tthl #Yangon_Times