Published_ 9 February 2024

တရုတ်နိုင်ငံရွှေလီမြို့နှင့် မြန်မာနိုင်ငံမူဆယ်မြို့မှ တရုတ်-မြန်မာမိသားစုများသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တရုတ်-မြန်မာ ယဉ်ကျေးမှုကူးလူးဖလှယ်မှုအခမ်းအနားတစ်ခုကို အတူတကွ ကျင်းပခဲ့ကြကြောင်းသိရသည်။

ရွှေလီမြို့မှမိတ်ဆွေများက နယ်စပ်ဂိတ်ကိုကျော်ဖြတ်ပြီး မြန်မာ ကျောင်းသားကျောင်းသူများကို ချစ်ကြည်မှုဖြင့် နွေးထွေးသည့် နှစ်သစ်ကူးလက်ဆောင်များပေးခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၊မူဆယ်မှမိတ်ဆွေများကလည်း ရွှေလီမြို့ ရှင်းအန်းရပ်ကွက်ကို လာရောက်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ်နေပြည်သူများသည် အတူတကွ ဖက်ထုပ်ထုပ်ရင်း နှစ်သစ်ကိုကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group