#Local_News
Published_ 2 October 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဖြတ်သန်းသွာလာရေးဂိတ်များတွင် တရားဝင်ဗီဇာ(Business Visa)ဖြင့် အောက်တိုဘာ(၁)ရက်မှစတင်ကာ ဝင်ထွက်သွားလာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

 

အောက်တိုဘာ(၁)ရက် မနက်ပိုင်းတွင် မြန်မာနိုင်ငံမှ မူဆယ်ခရိုင်၊လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် ဒေသနှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ရွှေလီမြို့တော်ဝန် Mr. Shang La Sianနှင့်တကွ တာဝန်ရှိကြသူများသည် မူဆယ်-ရွှေလီနယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်တွင် တရားဝင်ဗီဇာဖြင့် စတင် ဝင်ထွက်ခြင်းအစီအစဉ်ကို စတင်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

 

ပထမဆုံးရောက်ရှိလာသည့် တရုတ်နိုင်ငံသား Mr. Wu Chunmingကို နှစ်ဖက်တာဝန်ရှိသူတွေကကြိုဆိုလက်ခံလျက် လာရှိုးမြို့သို့ ဆက်လက် သွားရောက်နိုင်ရေးအဆင်ပြေရန်အတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ယာဉ်နှင့်ဟိုတယ်တည်းခိုရန်တို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဆောင်ရန်/ရှောင်ရန်များ၊ ဗီဇာစည်းမျဉ်းစည်းကမ်းများနှင့်သက်ဆိုင်သည်များကို တရင်းတနှီး ရှင်းပြပြော ကြားခဲ့ကြောင်း သိရှိရပါတယ်။

 

#-msiprd/ymg #Local_News #မြန်မာ-တရုတ်နယ်စပ် #တရားဝင်ဗီဇာ #(Business Visa)
#Yangon_Times