#LocalNews
Published _ 19 June 2022

 

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင် ကျင်းပမည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအား ကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများမှ ပြေးခုန်ပစ်အားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများက သံလုံးပစ်၊ သံပြားပစ်၊ မီတာ (၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀)နှင့် မီတာ (၅၀၀၀) ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ မသန် စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။

 

လက်ရှိတွင် အဖွဲ့ချုပ်မှ အားကစားသမား အမျိုးသား (၁၃)ဦး၊ အမျိုး သမီး (၄)ဦး၊ နည်းပြ (၄)ဦး တို့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မသန်စွမ်း အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။

 

မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်က အားကစားသမားများသည် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၃)ခု ဆွတ်ခူးခဲ့ကြောင်း ယင်းမှသိရသည်။

 

ယင်းပြိုင်ပွဲကို လာမည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group