#LocalNews
Published -29 Mar 2022


ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC၏နိုင်ငံရေးပါတီအစုအဖွဲ့ ကိုနိုင်ငံရေးပါတီအားလုံးပါဝင်နိုင်သည့် ရွေးချယ်ပွဲကို ဧပြီလ ၂၇ရက်နေ့မှ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင်တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉၂ပါတီ အနက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJC ၏ နိုင်ငံရေးပါတီအစုအဖွဲ့ တွင် အမြဲတမ်းကော်မတီ၁၆ပါတီနှင့် အရန်ကော်မတီ ၁၆ပါတီရွေးချယ်သွားမည်ဖြစ်ပြီး ပါဝင်ရန်ဆန္ဒရှိပါက လက်ရှိ နိုင်ငံရေးပါတီအစုအဖွဲ့ ရုံးသို့ ဆက်သွယ်ရန်ထုတ်ပြန်ထားပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့်UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ မတ်လ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီးနောက် UPDJC မှ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နုတ်ထွက်ထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ ကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က နောက်ထပ် သက်တမ်းနှစ်လ တိုးပေးလိုက်သော်လည်း နိုင်ငံရေးပါတီအားလုံးပါဝင်လာနိုင်ရေးနုတ်ထွက်ခြင်းဟု ဒေါက်တာ အေးမောင် က ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက နိုင်ငံရေးပါတီ ၅၃ ပါတီက ပါတီကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ်ပြီး လေးလသက်တမ်းဖြင့်ယာယီ ဖွဲ့စည်းခဲ့ကာလက်ရှိUPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ တွင် ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အပါအဝင် ပြည်မပါတီ ၇ ပါတီနင့်ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ စသည့် တိုင်းရင်းသားပါတီ ကိုးခုက ပါတီကိုယ်စားလှယ် ၁၆ ဦးက တာဝန်ယူလုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

ymg/hm
#Yangon_Media_Group