#LocalNews
Published -22 Feb 2022

 

အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသော စာရေးဆရာမောင်သာချို အနည်းငယ် နေမကောင်းဖြစ်နေပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချခံရသော ဦးထင်လင်းဦးမှာချုပ်ရက်ခံစားခွင့်ရရှိကြောင်း ယင်း၏ ရှေ့နေအသိုင်းအဝိုင်းက သိရသည်။

 

"ဆရာထင်က အာဏာစသိမ်းပြီးထဲက အဖမ်းခံထားရတဲ့သူဖြစ်တဲ့အတွက်ကြောင့် အင်းစိန်ထောင်ကို ၃ လပိုင်း ၁ ရက်နေ့မှာ ပို့လိုက်တယ်။ အခုသူက ၅၀၅-(က) နဲ့ အခုလက်ထက်မှာ ပြောင်းထားတဲ့ ပုဒ်မတစ်နှစ်တိုးတဲ့ဟာနဲ့ သူကတိုးတော့ ၃ နှစ်အမိန့်ချတယ်(အလုပ်နဲ့ ထောင်ဒဏ်) ပေါ့။ ထောင်ဒဏ် ၃ နှစ်ဆိုတော့ ချုပ်ရက်ခံစားစေလည်းပါတယ်။ ချုပ်ရက်က ၁ နှစ်လောက်ရှိပြီ။ ဒီတစ်လပိုင်းဆို တစ်နှစ်ပြည့်သွားပြီ။ အဲအတွက်ကြောင့်မို့ နောက်ထပ် ၂ နှစ်လောက်တော့ရှိမှာပေါ့။ ငြိမ်းလွတ်မှာပါလာရင်တော့ မပြောတတ်ဘူးပေါ့နော်၊ဆရာထင်က Live လွှင့်တဲ့ အမှုပါ ၊ သူ နေကောင်းပါတယ်။ဆရာချိုက နည်းနည်းလေး နေမကောင်းချင်ဘူး"ဟု အဆိုပါ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။

 

စာရေးဆရာ မောင်သာချိုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နံနက်က ထိန်းသိမ်းခဲ့ကာ လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ရေးသားခဲ့သည့် ဆောင်းပါး ၂ ပုဒ်အပေါ် မူတည်၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း၊စာရေးဆရာ ဦးထင်လင်းဦးကို ဖေဖော်ဝါရီလ ၁ ရက် က ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group