#Local_News
Published 27  February 2024


ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှမ်းစုကျေးရွာ တွင် ပျောက်ဆုံးနေသည့် ၃နှစ်အရွယ်က-လေး- ငယ် ကို ယနေ့ နံနက်ပိုင်းက ​ေ-သ ဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။

 

ဖေဖေါ်ဝါရီ (၂၄) ရက် ညနေပိုင်းက စတင်ပျောက်ဆုံးခဲ့ပြီး  က-လေးငယ်၏ ရုပ်အလေ-ာင်းအား (၄) ရက်မြောက်နေ့ဖြစ်သည့် ယနေ့ဖေဖေါ်ဝါရီ (၂၇) ရက်တွင် ပြန်လည်တွေ့ရှိ ခြင်းဖြစ်ကြောင်း သိရသည်။

 

"က-လေးကိုပြန်တွေ့တဲ့နေရာက သူတို့နေတဲ့အိမ်နဲ့ဆို  ၁၅မိနစ်လောက်သွားရသေးတယ်။ နောက်ပြီး ကားလမ်း မကြီး ကိုလဲကူးရသေးတယ်။ က-လေး ပြန်တွေ့တော့ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေတွေ့တယ်လို့ ကြားတယ်။ အခုကိစ္စ ဖြစ်တော့ ရွာထဲကသူတွေအနေနဲ့ မိသားစုနဲ့ ထပ်တူစိတ်မကောင်းလဲဖြစ်ရတယ်။  အခြားက-လေးမိဘတွေ စိုးရိမ် စိတ်တွေဖြစ်ကျတာပေါ့"ဟု အဆိုပါရှမ်းစုကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

ကလေးငယ်၏ ဖခင် မှာလည်းသူ၏ လူမှုကွန်ယက်စာမျက်နှာတွင် "မချိမဆန့် dead body ဒီအရွယ်နဲ့ ဒီဒဏ်ရာမျှတရဲ့လားကွာ နောက်ဆုံးခရီး ဒီနေ့ဘဲစီစဥ်လိုက်ရတော့တယ်။ ရှမ်းစုသုဿာန်"ဆိုပြီး ရေးသားထားသည်ကို တွေ့ရသည်။

 

ပျောက်ဆုံးရာမှ ‌ေ-သဆုံးခဲ့ရသည့် က-လေးငယ်မှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းတွင် နေထိုင်သည့် ဦးအေးဇော်မြင့်၊ ဒေါ်နွယ်နွယ်စိုးတို့၏ သားဖြစ်သူ (၃) နှစ်အရွယ် မောင်ဇွဲမာန်သစ်ဖြစ်ကာ ပျောက်ဆုံးခဲ့သည့်နေမှစ၍ မိသားစုဝင်များ က လူမှုကွန်ယက်မှတဆင့် အကူညီတောင်းသဖြင့် လူမှုကွန်ယက်ပေါ်တွင်  ရှဲပေးသူများ အမြန်ဆုံးပြန်တွေ့ရန် ဆုတောင်းပေးသူများ၊ က-လေးနှင့် ပတ်သက်ပြီး ဗေဒင်တွက်ပေးတာတွေ ပြုလုပ်ပေးကျသည်ကို တွေ့ရသည်။

 

#Local_News #၃နှစ်အရွယ်က-လေး-ငယ် #​ေ-သဆုံးလျက်တွေ့ရှိ #YMG/LW #Yangon_Times