Published_ 20 February 2024

နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေပြီး ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန်တောင်းခံသူများ၊ကြားပွဲစားများအားဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှအသိပေးထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့်  နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျှက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် online bookingတင်၍  QR စနစ်ဖြင့်  ၂၇၀၀ဦးနှုန်းဖြင့်လည်းကောင်း၊နေပြည်တော်၊မြစ်ကြီးနား၊ဟားခါး၊လွိုင်ကော်၊မကွေး၊မန္တ‌လေး၊မုံရွာ၊တောင်ကြီး၊ကျိုင်းတုံ၊လားရှိုး၊တာချီလိတ်၊ဘားအံ၊မြဝတီ၊မော်လမြိုင်၊ထားဝယ်၊ကော့‌သောင်း ၊ပုသိမ်၊စစ်တွေ၊ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ များတွင် သတ်မှတ်လူဦးရေအတိုင်းလည်းကောင်း ၊ရုံးဖွင့်ရက်များတွင်နေ့စဉ် လက်ခံဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိသဖြင့် အမှန်တကယ်သွားရောက်လိုသူများကို ယခင်သတ်မှတ်ထားသောလုပ်ငန်းစဉ် ၊ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန်တောင်းခံသူများ၊ကြားပွဲစားများအားဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group