Published 12 February 2024

  ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ ရန်ကုန် မန္တလေးကားလမ်းဟောင်း၊  ထက်ဧကရီ ဆီဆိုင်ရှေ့အနီးတွင် ယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။

ဖေဖေါ်ဝါရီ ၁၁ရက် ညပိုင်း ၇နာရီ ခွဲကျော်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ် တိုက်မှု တွင် ဘိလပ်မြေဖျော်သည့် ယာဥ် မှ ရန်ကုန်ဘက်ကနေ ပဲခူးမြို့ကိုမောင်းနှင်လာစဉ် ကလပ်ဂျန့်ဖြစ်ရာမှ  လမ်းလယ်ကျွန်းကိုဝင်ရောက်တိုက်မိပြီး ပဲခူးဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာသော၂၂ဘီးတွဲကားကို ဝင်တိုက်မိသဖြင့် တွဲကားယာဉ် တိမ်းမှောက်လဲပြီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

  မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၈နာရီ တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group