Published-8 February 2024

တရားဝင်ကွာရှင်းပေးမည်ဖြစ်ပြီးလက်ထပ်ပွားပစ္စည်းများအားခွဲဝေရယူကြမည်ဟု အဆိုတော်နှင့်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း အား အဆိုတော်အောင်လမှ ဖေဖော်ဝါရီ ၈ရက်နေ့ ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာမှ အသိပေး ကြေငြာလိုက်သည်။

ကြေညာချက်တွင် ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြေကွက်နှင့် နှစ်ထပ်တိုက် နှင့်အိမ်ထောင်ပရိဘောဂများ၊ကလောမြို့ရှိ မြေကွက် နှစ်ကွက် ၊ ကားတစ်စီးနှင့်  စတူဒီယိုအခန်းအတွင်းရှိ တူရိယာပစ္စည်းများ အပါအဝင်နှစ်ဦးပိုင် သာမန်လက်ထပ်ပွားပစ္စည်းများအား မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အညီအမျှခွဲဝေရယူရန် ဥပဒေအရအသိပေးအကြောင်းကြားစာကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းပါရှိသည်။

အဆိုပါကြေညာချက်၌ တရားဝင်ညွှန်ကြားလျက် ပေးသူဦးအောင်လ(ခ)ဦးဇွဲရန်အောင်လှသည်  ၂၀၂၂ခုနှစ်ဧပြီလ၄ရက်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅-က(ခ)အရ ပြစ်မှုထင်ရှားစီရင်ခံရပြီးနောက် ၂၀၂၄ ဇန်နဝါရီ၄ရက်မှစတင်၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ၊ဦးအောင်လ အင်းစိန်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျနေစဉ်အတွင်း ဒေါ်ဝိုင်းစုခိုင်သိန်းသည် ၂၀၂၃ခုနှစ်ဇန်နဝါရီလအထိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပြီး တရားဝင်လင်မယားအဖြစ် ကွာရှင်းပြန်စဲပေးပါရန် တောင်းဆိုသော်လည်း ဦးအောင်လသည် ကွာရှင်းပြတ်ဆဲမှု မပြုခဲ့ကြောင်းသိရသည်။

ထို့အပြင် ဦးအောင်လသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် ဒေါ်ဝိုင်းစုခိုင်သိန်းနှင့် နှစ်ဦးနှစ်ဖက်အကြား ဖြေရှင်းမရနိုင်သည့်လူမှုရေးကိစ္စရပ်များပေါ်ပေါက်ခဲ့သည့်အတွက် ဒေါ်ဝိုင်းစုခိုင်သိန်း‌၏ တောင်းဆိုသည့် ဆန္ဒအတိုင်းကွာရှင်းပြတ် စဲပေးမည်ဖြစ်ပါ‌ကြောင်းနှင့် လင်မယားနှစ်ဦးပိုင်သာမန်လက်ထပ်ပွားပစ္စည်းများအား မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အညီအမျှခွဲဝေရယူရန် ဥပဒေအရအသိပေးအကြောင်းကြားတောင်းဆိုမှု ပြုခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ကြောင့် နေ့စဉ်ထုတ်သတင်းစာမှဖော်ပြပါရှိသည့် နေ့ရက်မှစ၍၁၅ရက်ပြည့်သည့်နေ့နောက်ဆုံးထား၍ ဆောင်ရွက်ပေးပါရန်နှင့် မည်သည့်အကြောင်းနှင့်မဆို ဆောင်ရွက်ပေးခြင်းမပြုပါက ဥပဒေနှင့်အညီ မလွှဲမရှောင်သာဆောင်ရွက် ရမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group