#Local_News
Published_ 25 May 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (၆) ဒေသအခေါ် (S) ကွေ့ အနီးတွင် မေလ ၂၅ ရက်နေ့ နေ့လည်ပိုင်းက လူငယ်အမျိုးသားတစ်ဦး ​သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ​သေဆုံးခဲ့​ကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊မြစ်ကြီးနား) မှ သိရသည်။

 

အဆိုဖြစ်စဥ်နှင့်ပတ်သက်ပြီး ရပ်ကွက်အတွင်းတာ၀န်ရှိပြည်သူများက သတင်းပေးမူကြောင့် သွားရောက်ကူညီပေးခဲ့ကြောင်းအဆိုပါအသင်းမှာသိရသည်။ပတ်၀န်းကျင်ပြည်သူများပြောဆိုချက်အရ အမျိုးသားငယ်သုံးဦး ဆိုင်ကယ်များဖြင့်စကားပြောဆိုရာမှ နှစ်ဦးမှာအသင့်ပါလာသည့် သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊မြစ်ကြီးနား)မှ တာ၀န်ခံတစ်ဦးဆိုသည်။

 

အဆိုပါ​သေဆုံးသူ လူငယ်အမျိုးသား၏ ရုပ်အ​လောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ကူညီပို့​ဆောင်​ပေးခဲ့​ကြောင်း သိရသည််။

#ymg/ynzw
#Yangon-Media-Group