#LocalNews
Published_ 20 March 2023

 

ရန်ကုန် အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့် ကား ၄ စီးဆင့်တိုက်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

 

မတ်လ ၁၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အင်းစိန်လမ်းဆုံ ပါရမီလမ်းထောင့်တွင် ကား ၄ စီးဆင့်တိုက်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့သည့် လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရပါရမီလမ်းနှင့် အင်းစိန်လမ်းဆုံ ကား ၄ စီး ဆင့်တိုက်မှုဖြစ်ပွားရာနေရာသို့ အနောက်ခရိုင်မိသားစုများမှသွားရောက်ကူညီခဲ့ရာ ကားတစ်စီးပေါ်မှ မိသားစု ၃ ဦးဒဏ်ရာရပြီး ကလေးနှင့်ဖခင်ဖြစ်သူတို့အား ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကလေးရဲ့မိခင်ကိုတော့ အင်းစိန်ဆေးရုံပို့ ဆောင်ကြောင်းသိရသည်။

 

ကလေးရဲ့ အမေဖြစ်သူအင်စိန်ဆေးရုံတွင် သေဆုံးသွားကြောင်းထပ်မံရရှိသောသတင်းများအရ လင်းလက်လူမှုရေးအသင်းထံမှသိရသည်။

 

ymg/ppk
#Yangon-Media-Group