#LocalNews ++++++++++++++++++++++++++++++++++++++ Published_ 12 March 202 ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆေးခြောက်အဆီဖြင့် ချောကလက်မုန့် ပြုလုပ်ရောင်းချသူအား ဖော်ထုတ်ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေကြရာ တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ (၁၆၆) လမ်းမပေါ်၌ မဆုသက်မွန်(ခ)ပုံ့ပုံ့အား ဆေးခြောက် ၆၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းကြောင့် ၎င်းနေထိုင်သော တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ တိုက်(၂၀)ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် ဆေးခြောက် ၂၄၀ ဂရမ်၊ ဖန်ပုလင်းဖြင့်ထည့်လျက် ဆေးခြောက်အဆီ ၆ဝ စီစီ၊ ရေခဲသေတ္တာအတွင်းမှ ဆေးခြောက် အဆီဖြင့်ရောနှောပြုလုပ်ထားသော ချောကလက်မုန့် ၁၂၄ ခု၊ ဆေးခြောက်မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က စစ်ဆေးဖော်ထုတ်ရာ လွန်ခဲ့သော ၂၀၁၆ ခုနှစ်မှစ၍ ဆေးခြောက်အဆီ ထုတ်သည့်နည်းပညာကို Online မှ စတင်လေ့လာခဲ့ကာ ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လက စတင်၍ ဆေးခြောက်ကို Online ပေါ်က တစ်ဆင့်ဝယ်ယူ၍ ချောကလက်မုန့်များအတွင်း ဆေးခြောက်အဆီများရောနှောပြုလုပ်ကာ လူငယ်များအား Online မှတစ်ဆင့် ရောင်းချခဲ့ကြောင်း အဖမ်းခံရသူ မဆုသက်မွန်(ခ)ပုံပုံ ၏ ထွက်ဆိုချက်ကို ကိုးကား၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ယခုအခါ အဆိုပါ မဆုသက်မွန်(ခ)ပုံပုံ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်၍ အရေးယူ ထားကြောင်းလည်း သိရသည်။ ymg/mt #ဆေးခြောက်
- ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုးနှင့် အကယ်ဒမီ ဇင်မာဦးတို့ ရင်သွေးများအား ခင်စံပါယ်ဦးက စောင့်ရှောက်မည်
- အရက်သောက်ရင်း ရေဆင်းကူးရာမှ နိုင်ငံခြားပြန် သင်္ဘောသား ၂ဦး ရေနစ်သေဆုံး
- သရုပ်ဆောင်မင်းရာဇာနှင့် ဇနီး ၊ ယင်းတို၏မန်နေဂျာတို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၅ နှစ်စီချမှတ်ခံရ
- ဆေးခြောက်အဆီဖြင့် ချောကလက်မုန့် ပြုလုပ်ရောင်းချသူ အဖမ်းခံရ
- ပုဇွန်တောင် CB ဘဏ်ကိုဝင်၍ သေနတ်အတုနှင့်ဓားပြကာဝင်လာသည့် ဆယ်ကျော်သက်ကလေးနှစ်ဦးအား ဖမ်းမိ
- Myanmar plans Shwedagon Pagoda to be inscribed on World Heritage List
- SG Min Aung Hlaing receives ASEAN special envoy
- SG Min Aung Hlaing meets DKBA on peace process
- Ambassador U Chit Swe Presents Credentials to King of the Kingdom of Thailand
- SG Min Aung Hlaing discusses defense cooperation with Russia's MOD
Copyright © 2023 Yangon Media Group Co., Ltd. All rights reserved.