#Local_News
Published_24 January 2023

 

ဇန်နဝါရီ ၂၁ ရက်မှစတင်၍ ၉၂ တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့် ရပ်တန့်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

စင်ကာပူစက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာပြီး ရန်ကုန်တိုင်းအတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းများအရ ဇန်နဝါရီ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ၉၂ တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေအရ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ၉၅ တစ်လီတာ ၂၃၈၅ ကျပ်ဖြစ်ပြီး ဒီဇယ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၅၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ရည်ညွန်းလက်ကားဈေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ ၉၂ တစ်လီတာလျှင် ၂၁၉၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၆၇ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၃၆ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေး ကြေညာထားသည်။

 

#ymg/sth
#Yangon_Media_Group